မက်ဒေါနားသည် ၎င်း တည်ဆောက်ထားသော မာလာဝီ ကလေးဆေးရုံကို သွားရောက် စစ်ဆေးမည်

မက်ဒေါနားသည် ၎င်း တည်ဆောက်ထားသော မာလာဝီ ကလေးဆေးရုံကို သွားရောက် စစ်ဆေးမည်

နယူးယော့ခ်၊ ဇူလိုင် ၆ ။               ။ ပေါ့ပ်အဆိုတော် မက်ဒေါနားသည် မာလာဝီနိုင်ငံ စီးပွားရေးမြို့တော် ဘလန်ထာရာမြို့ရှိ အဲလီးဇဘက်ဘုရင်မ ဗဟိုဆေးရုံတွင် ခုတင် ၅၀ ကလေးကုသဆောင်ကို စစ်ဆေးရန် ဇူလိုင် ၁၀ ရက်တွင် မာလာဝီနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။

မက်ဒေါနား၏ ချို့တဲ့သူများ ကူညီရေးအသင်းအဖွဲ့ Raising Malawi သည် မာလာဝီနိုင်ငံအ တွင်း ကလေး အထူးကြပ်မတ် ကုသဆောင်ကို ပထမဆုံး ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ မက်ဒေါနားသည် အထူးကြပ်မတ် ကုသဆောင်တစ်ခု ပါဝင်သည့် ခုတင် ၅၀ ကလေးခွဲစိတ်ကုသ ဆောင် နှစ်ထပ်ဆောင်ကို ဆောက်လုပ်နေကြောင်း Raising Malawi ဒါရိုက်တာ ဆာရက်အစ်ဇီက ပြောကြားသည်။

အဆိုပါ ကလေးကုသဆောင်သစ်သည် ယခုနှစ်ကုန်တွင် ပြီးစီးမည်ဖြစ်ပြီး ကလေးငယ်များ အတွက် ခွဲစိတ်ခန်း သုံးဆောင် ပါဝင်မည်ဖြစ်ပြီး ခုတင် ၅၀ ဆံ့ အဆောင်တစ်ဆောင်၊ နေ့ဘက်ဆေး ခန်းတစ်ခန်း ပါဝင်ကြောင်းနှင့် ယင်းသည် နိုင်ငံ၏ ပထမဆုံး ကလေးအထူးကြပ်မတ် ကုသဆောင် ဖြစ်ကြောင်း အစ်ဇီက ပြောကြားသည်။

မက်ဒေါနားသည် မာလာဝီ နိုင်ငံအတွင်း မိဘမဲ့ကလေးများ၊ ကျောင်းများနှင့် ဆေးဘက်ဆိုင် ရာ အဆောက်အအုံများ အပါအဝင် ချို့တဲ့သူများ ကူညီရေး လုပ်ငန်းများတွင် ငွေကြေးများ ထောက်ပံ့ ကူညီပေးလျက် ရှိသည်။

မက်ဒေါနားသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလက မာလာဝီနိုင်ငံသို့ အလည်ပတ် ရောက်ရှိစဉ်က မာလာဝီသမ္မတ ပီတာမူသာရီကာက မက်ဒေါနားအား မာလာဝီ၏ ကလေးသူငယ် ပြုစုစောင့်ရှောက် ရေး သံတမန်အဖြစ် ခန့်အပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly