အာရှရုပ်ရှင် တိုးတက်ရေးတွင် ပါ၀င်ဆောင်ရွက်သည့်အတွက် ဆုချီးမြှင့်ခံရသည့် လီဗြောင်ဟွန်း

အာရှရုပ်ရှင် တိုးတက်ရေးတွင် ပါ၀င်ဆောင်ရွက်သည့်အတွက် ဆုချီးမြှင့်ခံရသည့် လီဗြောင်ဟွန်း

ဆိုးလ်၊ ဇူလိုင် ၆ ။         ။ တောင်ကိုရီးယား မင်းသား လီဗြောင်ဟွန်းသည် အာရှရုပ်ရှင်လုပ်ငန်း တိုးတတ်ရေးတွင် ပါဝင် ဆောင်ရွက်ခဲ့သည့်အတွက် ၁၅ ကြိမ်မြောက် New York Asia ရုပ်ရှင်ပွဲတော်တွင် Star Asia Award ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

လီသည် “Inside Men” ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်မှုဖြင့် အဆိုပါဆုကို ချီးမြှင့်ခံခဲ့ရခြင်းဖြစ် ကြောင်း လီ၏ အေဂျင်စီ BH အင်တာတိန်းမန့်က ပြောကြားခဲ့သည်။ လီသည် ယင်းရုပ်ရှင်တွင် နိုင်ငံ ရေး သစ္စာတော်ခံ အန်ဆောင်ဂိုအဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။

“Inside Men” ရုပ်ရှင်ကားသည် ပထမဆုံး လေးရက်အတွင်း တောင်ကိုရီးယား ရုံတင်ပြငွေ ဇယားတွင် လက်မှတ်ရောင်းချငွေ ယွမ်ငွေ ၁၃ ဒသမ ၂ ဘီလျံ ( အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃ သန်း) အမြတ်အစွန်း ရရှိခဲ့ကြောင်းနှင့် ခြောက်ရက်အတွင်း ကြည့်ရှုသူ ၂ သန်းကျော်ခဲ့ပြီး ကြည့်ရှုမှု အများဆုံး ရုပ်ရှင်အဖြစ် စံချိန်တင်ခဲ့သည်။

“ ‘Inside Men’ ရုပ်ရှင်ဟာ ကျွန်တော်ကို ကြီးမားတဲ့ ပျော်ရွှင်မှုတွေ ပေးပါတယ်။ အာရှရုပ်ရှင် လုပ်ငန်းများကို ထောက်ပံ့မှုတွေ လုပ်ဆောင်နေတဲ့ လူတိုင်းကို ကြီးမားတဲ့ ဂုဏ်ပြုမှုတွေနဲ့ ပြန်လည် ပေးဆပ်မယ်လို့ ကျွန်တော် ဆန္ဒပြုပါတယ်” ဟု လီက ဆုလက်ခံရယူစဉ် ပြောကြားခဲ့သည်။

Star Asia Awrad ဆုကို အာရှရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ပါဝင်ဆောင်ရွက်သည့် အာရှအနုပညာရှင် ကြယ်ပွင့်များကို ပေးအပ်ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က အဆိုပါဆုကို ဟောင်ကောင် သရုပ်ဆောင်မင်းသား Kwok Fu-shing က ရရှိခဲ့သည်။

လီသည် မကြာသေးမီက“Single Rider” ရုပ်ရှင်ကား ရိုက်ကူးမှုကို ပြီးစီးခဲ့သည်။ လီသည် လက်ရှိအချိန်တွင် “Master” ရုပ်ရှင် ရိုက်ကူးရေးအတွက် ကိုရီးယားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံအကြား သွားလိုက်ပြန်လိုက် လုပ်ဆောင်လျက် ရှိသည်။

လီသည် “Jurassic World” ဇာတ်ကား၊ “Guardians of the Galaxy” ဇာတ်ကားတို့နှင့်အတူ မကြာမီ ထုတ်လွှင့်ပြသမည့် ဟောလီးဝုဒ် ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးထားသည့် “The Magnificent Seven” ဇာတ်ကားတို့တွင် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly