တရုတ်မင်းသမီး Zhang Li နဲ့ တွဲနေသည်ဟူသော ကောလဟာလသတင်းမှာ မမှန်ကန် ကြောင်း မင်းသား ဂျိုဂျင်မို ပြော

တရုတ်မင်းသမီး Zhang Li နဲ့ တွဲနေသည်ဟူသော ကောလဟာလသတင်းမှာ မမှန်ကန် ကြောင်း မင်းသား ဂျိုဂျင်မို ပြော

ဆိုးလ်၊ ဇူလိုင် ၆ ။          ။ တောင်ကိုရီးယားမင်းသား ဂျိုဂျင်မိုသည် တရုတ်မင်းသမီး  Zhang Li နှင့် တွဲနေသည်ဟူသော သတင်းမှာ ကောလဟာလ သတင်းသာဖြစ်ကြောင်း ဂျိုဂျင်မို၏ အေဂျင်စီက ပြောကြားခဲ့သည်။

“Honey I am Sorry” ဒရမ်မာ ဇာတ်ကားတွင် အတူ ပါဝင်သရုပ်ဆောင်ခဲ့သော တရုတ်မင်း သမီး Zhang Li နှင့် တောင်ကိုရီးယားမင်းသား ဂျိုဂျင်မိုတို့သည်  မကြာသေးမီက တွဲခုတ်နေကြ ကြောင်း တရုတ်မီဒီယာတစ်ခုက ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့သည်။ ဂျိုဂျင်မိုနှင့် Zhang Li တို့နှစ်ဦး အတူ ရိုက်ထားသည့် ဓာတ်ပုံများကိုလည်း ၎င်းတို့၏ သတင်းဝက်ဆိုဒ်တွင် ဖော်ပြခဲ့သည်။

သို့ရာတွင် ဂျိုဂျင်မို၏ အေဂျင်စီက တရုတ်မီဒီယာ၏ ဖော်ပြချက်ကို မဟုတ်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်။ ”ဂျိုဂျင်မိုနဲ့ Zhang Li တို့နှစ်ဦး တွဲနေတယ်ဆိုတဲ့ သတင်းဟာ မမှန်ပါဘူး။ သူတို့နှစ်ဦး ဟာ အရင်းနှီးဆုံး မိတ်ဆွေတွေပါ။ ဝက်ဆိုဒ်ပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံဟာဆိုရင် ဝန်ထမ်းတွေ့ဆုံပွဲ မှာ ရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်” ဟု ဂျိုဂျင်မို၏ အေဂျင်စီက ပြောကြားခဲ့သည်။

ဂျိုဂျီမိုနှင့် Zhang Li တို့သည် ဖေဖော်ဝါရီလက ဒရမ်မာဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်မှု ပြီးဆုံးခဲ့ပြီး ယင်းဒရမ်မာဇာတ်ကားကို မကြာမီ ပြသရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags