ဇီကာဗိုင်းရပ်စ်ကြောင့် ဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့တဲ့ ရီဟားနား

ဇီကာဗိုင်းရပ်စ်ကြောင့် ဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့တဲ့ ရီဟားနား

နယူးယော့ခ်၊ ဇူလိုင် ၅ ။            ။ ကမ္ဘာကျော် အဆိုတော် ရီဟားနားသည် ဇီကာဗိုင်းရပ်စ်ကြောင့် တောင်အမေရိကတွင် ကျင်းပ ပြုလုပ်မည့် ဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့သည်။ Lollapalooza  Colombia ဖျော်ဖြေပွဲစီစဉ်သူများက ယခုအခါ  ဖျော်ဖြေပွဲကို မလုပ်ဖြစ်တော့ ကြောင်း လက်မှတ်ဝယ်ယူသူများကို ပြောကြားခဲ့သည်။

“ သင့်တော်တဲ့ နေရာကို အစားထိုးကျင်းပရန် ရှာဖွေရာမှာ အခက်အခဲတွေရှိနေခဲ့တဲ့အတွက် ပွဲစီစဉ်သူများဟာ  Lollapaloozs Colombia ဖျော်ဖြေ ပွဲကို ဖျက်သိမ်းဖို့ ဖြစ်လာတာပါ” ဟု အစီရင်ခံစာတွင် ပြောကြားထားသည်။

“ပွဲစီစဉ်သူများက တစ်နေ့မှာ ဖျော်ဖြေပွဲကို အားပေးတဲ့ ပရိသတ်တွေအားလုံး အပြင် စပွန်ဆာ များနဲ့ မီဒီယာပါတနာများကို သူတို့ရဲ့ အလေးထားမှုကို ဖော်ပြဖို့ ဆန္ဒရှိပါတယ်” ဟု အစီရင်ခံစာတွင် ပြောကြားထားသည်။ လက်မှတ်ဝယ်ယူထားသူများကို ငွေပြန်အမ်းရန် ကမ်းလှမ်းခဲ့သည်။

ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တွင် ကျင်းပပြုလုပ်မည့် အဆိုပါဖျော်ဖြေပွဲသည် ပထမဆုံး Lollapalooza ဖျော်ဖြေပွဲ ဖြစ်သည်။ ဇီကာဗိုင်းရက်စ်သည် နိုင်ငံတကာက စိုးရိမ်နေသော အရေးပေါ် ပြည်သူ့ ကျန်းမာရေးအဆင့် ဖြစ်ပွားနေကြောင်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ခြင်းက နိုင်ငံအများအပြားတွင် ပြည်သူများအပေါ် ခရီးသွားခြင်းဆိုင်ရာ သတိပေးမှုကို ထုတ်ပြန်ခြင်းများ ဖြစ်ပေါ်စေခဲ့သည်။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများက ခြင်ကြောင့် ဖြစ်ပွားသော ဇီကာဗိုင်းရပ်စ် ဒုတိယမြောက် အဆိုးရွားဆုံးခံစားရသော ကိုလံဘီယာနိုင်ငံကို ခရီးသွားခြင်းဆိုင်ရာ သတိပေးချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly