“Bounty Hunters” ဇာတ်ကား တရုတ်တွင် အောင်မြင်မှု ရရှိ

“Bounty Hunters” ဇာတ်ကား တရုတ်တွင် အောင်မြင်မှု ရရှိ

တောင်ကိုရီးယားမင်းသား လီမင်ဟို အဓိက ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသော အက်ရှင်ဟာသဇာတ်ကား “Bounty Hunters” သည် တရုတ်နိုင်ငံတွင် ဇူလိုင် ၁ ရက်က ထုတ်လွှင့်ပြ သခဲ့ရာ ယွမ်ငွေ သန်း ၅၀ ခန့်( အမေရိကန်ဒေါ်လာ ၇၅၈၀၀၀) ရရှိခဲ့ကြောင်း Starhaus အင်တာတိန်း မန့် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီက ပြောကြားသည်။

“Bounty Hunter” ဇာတ်ကားကို ရုပ်ရှင်ရုံပေါင်း ၅၂၀၀၀ တွင် ဖွင့်လှစ်ပြသခဲ့ရာ ရုံတင်ပြငွေ ဇယားတွင် နံပါတ်တစ်နေရာမှ ရပ်တည်လျက်ရှိသည်။

“Bounty Hunter” ဇာတ်ကားသည်  EXO အဖွဲ့ဝင်  Chanyeol ပါဝင်သရုပ်ဆောင်ထားသော “So I Married an Anti - fan” ဇာတ်ကားထက် ကြည့်ရှုသူ ပိုများခဲ့သည်။ “So I Married an Anti - fan” ဇာတ်ကားသည် တရုတ်နိုင်ငံတွင် ဇွန် ၃၀ ရက်က ရုပ်ရှင်ရုံများတွင် ဖွင့်လှစ်ပြသခဲ့ရာ ယွမ်ငွေ ၂၃ သန်း ရရှိခဲ့သည်။

“Bounty Hunter” ဇာတ်ကားသည် ဟိုတယ်ဖောက်ခွဲရေးသမားကို ပူးပေါင်းရှာဖွေသည့် ကြေးစားထောက်လှမ်းရေးသမား ငါးဦးအကြောင်းကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားကို တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့ အပါအဝင် အာရှနိုင်ငံ လေးနိုင်ငံတွင် ရိုက်ကူးခဲ့သည်။

လီမင်ဟိုသည် ကိုယ်ခံပညာရပ်ကို ထူးချွန်သူ ယီဆန်အဖြစ် ခေါင်းဆောင်မင်းသားနေရာမှ ပါဝင် သရုပ်ဆောင်ခဲ့သည်။ လီမင်ဟိုသည် “City Hunter” နှင့် “Gangnam Blues” ကဲ့သို့သော ဇာတ်ကားများတွင် ၎င်း၏ ကိုယ်ခံပညာကျွမ်းကျင်မှုကို ပြသနိုင်ခဲ့ခြင်းကြောင့် “Bounty Hunters” တွင် ပါဝင်သရုပ်ဆောင်ရန် ရွေးချယ်ခဲ့ခြင်ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်က Star News က ပြောကြားခဲ့ သည်။

“Bounty Hunters” ကို တရုတ်နှင့် ဟောင်ကောင်ထုတ်လုပ်ရေး ကုမ္ပဏီများက ပူးတွဲ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာ Shin Terra က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly