ဟောလီးဝုဒ်မင်းသားကြီး မက်ဒါမွန် “Infinite Challenge” အစီစဉ်တွင် ပါ၀င်မည်မဟုတ်

ဟောလီးဝုဒ်မင်းသားကြီး မက်ဒါမွန် “Infinite Challenge” အစီစဉ်တွင် ပါ၀င်မည်မဟုတ်

ဟောလီးဝုဒ်မင်းသားကြီး မက်ဒါမွန်သည် တောင်ကိုရီးယား ရုပ်မြင်သံကြားဌာန MBC ၏ “Infinite Challenge” ရုပ်သံအစီစဉ်တွင် ပါဝင်သွားမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မက်ဒါမွန်သည် လက်ရှိအချိန်တွင် တစ်ခြားအစီစဉ်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်လျက် ရှိသော်လည်း အတည်ပြု ပြောကြားခြင်း မရှိသေးကြောင်း သတင်းအရင်းအမြစ်တစ်ခုက Sports Chosun ကို ပြောကြားခဲ့သည်။

“လက်ရှိအချိန်မှာ မက်ဒါမွန် ‘Infinite Challenge’ အစီစဉ်မှာ ပါဝင်သရုပ်ဆောင်ဖို့ အခက်အခဲ တွေ ရှိနေပါတယ်”ဟု MBC မှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။ “Infinite Challenge” အစီ စဉ်တွင် ဟောလီးဝုဒ်မင်းသား ဂျက်ခ်ဘလက် ပါဝင်သရုပ်ဆောင်ပြီး အောင်မြင်မှု ရရှိခဲ့ပြီးနောက် အထူးသဖြင့် ယင်းအစီစဉ်တွင် ဒါမွန် ပါဝင်သရုပ်ဆောင်မှုကို မျှော်လင့်စောင့်စားနေသော ပရိတ်သတ် များအတွက် အဆိုပါ သတင်းသည် စိတ်ပျက်မှုများကို ဖြစ်ပေါ်စေသည်။

မက်ဒါမွန်သည် မကြာမီထုတ်လွှင့်ပြသမည့် “Jason Bourne” ဇာတ်ကား အရောင်းမြှင့်တင် ရေးအတွက် ဇူလိုင် ၈ ရက်တွင် ကိုရီယားနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး အဆိုပါဇာတ်ကားကို ကိုရီးယားနိုင်ငံတွင် ဇူလိုင် ၂၈ ၌ ပွဲဦးထွက် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly