လီမင်ဟို၏ အေဂျင်စီက မလိုမုန်းထား ထင်မြင်ချက်ရေးသူများကို တရားဥပဒေအရ တင်းတင်းကြပ်ကြပ် အရေးယူ ဆောင်ရွက်သွားမည်

လီမင်ဟို၏ အေဂျင်စီက မလိုမုန်းထား ထင်မြင်ချက်ရေးသူများကို တရားဥပဒေအရ တင်းတင်းကြပ်ကြပ် အရေးယူ ဆောင်ရွက်သွားမည်

တောင်ကိုရီးယားမင်းသား လီမင်ဟို၏ အေဂျင်စီ MYM အင်တာတိန်းမန့်က လီမင်ဟိုနှင့် ပတ်သက်၍ မှားယွင်းသော ကောလဟာလသတင်းများကို ဖြန်ချိခြင်းနှင့် မလိုမုန်းထား ထင်မြင်ချက် ရေးသူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  MYM တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။

“ကျွန်တော်တို့ အနုပညာရှင်ရဲ့ အခွင့်ရေးကို ကာကွယ်ပေးဖို့ သက်သေအဖြစ် ကျွန်တော်တို့ စုဆောင်းရရှိထားတဲ့ စာရွက်စာတမ်းတွေကို အသုံးပြုပြီး ပျက်စီးစေတဲ့ ကိစ္စရပ်တွေနဲ့ အသရေဖျက်မှု တွေအတွက် တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု အေဂျင်စီက ပြောကြား သည်။

“ကျွန်တော်တို့ရဲ့ အနုပညာရှင်တွေကို ကာကွယ်ပေးဖို့ ကျေအေးခြင်း ဒါမှမဟုတ် သက်ညှာ ခြင်း မရှိဘဲ အရေးယူဆောင်ရွက်သွားမှာပါ။ ပြစ်မှုကျူးလွန်တဲ့သူတွေကို ကျွန်တော်တို့က သေချာ အောင်လုပ်ပြီး အပြစ်ပေးသွားမှာပါ” ဟု အေဂျင်စီက ပြောကြားသည်။

လီမင်ဟို ပါဝင်သရုပ်ဆောင်ထားသော “Bounty Hunters” ဇာတ်ကားသည် တရုတ်နိုင်ငံတွင် အောင်မြင်မှုရရှိထားပြီး ရုပ်ရှင်ရုံများတွင် ပထမနေ့ ပြသရာ အမြတ်ငွေ ဝမ်ငွေ ၉ ဘီလျံ (ခန့်မှန်းခြေ အားဖြင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ သန်း) ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly