ယာဉ်မောင်းလိုင်စင် ရရှိသွားပြီဖြစ်တဲ့ လေဒီဂါဂါ

ယာဉ်မောင်းလိုင်စင် ရရှိသွားပြီဖြစ်တဲ့ လေဒီဂါဂါ

နယူးယော့ခ်၊ ဇူလိုင် ၂ ။          ။ ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါသည် ယဉ်မောင်းလိုင်စင် တရားဝင် ရရှိပြီဖြစ်ကြောင်း ဇူလိုင် ၁ ရက်က အင်စတာဂရမ်တွင် မျှဝေခဲ့ကြောင်း နှင့် လေဒီဂါဂါသည် ယခုအခါ တရားဝင် ကားမောင်း နိုင်ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၃၀ နှစ်အရွယ်ရှိ လေဒီဂါဂါသည် ယဉ်မောင်းခုံတွင် ထိုင်ကာ ရိုက်ထားသည့် ဓာတ်ပုံကို ၎င်း၏ အင်စတာဂရမ် အကောင့်တွင် တင်ခဲ့ပြီး နောက်ဆုံးတွင် ၎င်း ယာဉ်မောင်းလိုင်စင် ရရှိပြီဖြစ်ကြောင်း ရေးသားခဲ့သည်။

“သင်မောင်းလိုင်စင်နဲ့ နှစ်ပေါင်းများစွာကြာ မောင်းနှင်ခဲ့ပြီးတဲ့ နောက်မှာတာ့ နောက်ဆုံးမှာ ကျွန်မ ယာဉ်မောင်းလိုင်စင်ကို ရရှိခဲ့ပါပြီ ”ဟု လေဒီဂါဂါက ရေးသားထားသည်။

လေဒီဂါဂါသည် ယခုသီတင်းပတ် အစောပိုင်းက တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် တွေ့ဆုံဆွေးနွေးသည့် ဗီဒီယိုကို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ခဲ့သည်။ မိနစ်နှစ်ဆယ်ကြာ   ဆွေးနွေးမှုအတွင်း ယောဂအကြောင်းနှင့်  ကြင်နာသနားမှုအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ဒလိုင်းလားမားနှင့် တွေ့ဆုံမှုကြောင့် လေဒီဂါဂါအပေါ် တရုတ်ပရိတ်သတ်များက ဒေါသထွက်ခဲ့ကြပြီး တရုတ်အစိုးရက ပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly