တွစ်တာဘုရင်မဆုကို ထိန်းသိမ်းထားတဲ့ ကေတီပယ်ရီ

တွစ်တာဘုရင်မဆုကို ထိန်းသိမ်းထားတဲ့ ကေတီပယ်ရီ

လော့စ်အိန်ဂျလိစ် ၊ ဇူလိုင် ၂ ။         ။ ကမ္ဘာကျော်အဆိုတော် ကေတီပယ်ရီသည် ဇူလိုင် ၁ ရက်က တွစ်တာတွင် follower သန်း ၉၀ အထိ ရရှိခဲ့သော ပထမဆုံး သုံးစွဲသူဖြစ်လာကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ ဒါဟာ ပါတီပွဲလုပ်ရမယ့် အချိန်ပဲ။ follower သန်း ၉၀ ရှိတာကြောင့်  ကျွန်တော်တို့ ကြီးမားတဲ့ ပါတီပွဲတစ်ခုလုပ်ဖို့ လိုအပ်ပါတယ်”ဟု တွစ်တာ၏ တရားဝင် အကောင့်တွင် ဖော်ပြထားသည်။

တွစ်တာတွင် follower အများဆုံးသူအဖြစ် ဆက်လက်ထိန်းသိမ်းနိုင်သည့် အသက် ၃၁ နှစ်အရွယ်ရှိ ကေတီက “ ပါတီပွဲ လုပ်ရမှာပေါ့”ဟု မက်ဆေ့ချ် ပြန်လည်ရေးသားခဲ့သည်။

ကေတီ၏ follower သန်း ၉၀ ပြည့် ပါတီပွဲကို စတင်ကျင်းပခဲ့ကြောင်း ပရိတ်သတ်များက ၎င်းတို့ ကြိုက်နှစ်သက်သော ပုံရိပ်များဖြင့် ကေတီပယ်ရီကို ဂုဏ်ပြုခဲ့ကြသည်။ ကေတီပယ်ရီ ကနေသည့်ပုံများနှင့် ဦခေါင်းတွင် တဖိတ်ဖိတ်လက်နေသော သရဖူကို ဆောင်ထားသည့်ပုံများကို ထည့်သွင်းဖော်ပြထားသည်။

ကေတီပယ်ရီ၏ နောက်တွင် ဂျက်စတင်ဘီဘာက follower ၈၃ ဒသမ ၉ သန်းဖြင့် ရှိနေပြီး တေလာဆွစ်ဖ်သည် followers ၇၉ သန်းဖြင့် ရှိနေသည်။ ကေတီပယ်ရီ၏ တွစ်တာအကောင့်သည် မေလက ဟက်ကာ တိုက်ခိုက်ခံခဲ့ရသော်လည်း  ကေတီကို တွစ်တာဘုရင်မ သရဖူနှင့်လွဲအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly