ရီဟားနားနှင့် ဒရေ့ခ်ဗျူရဲလ်တို့ ပြန်တွဲနေပြီဟု ကောလဟာလသတင်းများ ထွက်ပေါ်

ရီဟားနားနှင့် ဒရေ့ခ်ဗျူရဲလ်တို့ ပြန်တွဲနေပြီဟု ကောလဟာလသတင်းများ ထွက်ပေါ်

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၁ ။            ။ ကမ္ဘာကျော်အဆိုတော် ရီဟားနားနှင့် ကနေဒါရက်ပါ ဒရေ့ခ်ဗျူရဲလ်တို့ကို ယခုသီတင်းပတ်က ဒုတိယအကြိမ်မြောက် လန်ဒန်မြို့တွင် ညဘက်အတူ လျှောက်လည်နေသည်ကို တွေ့ရှိပြီးနောက် ၎င်းတို့နှစ်ဦး ပြန်တွဲနေပြီဟူသော ကောလဟာလသတင်းများ ထွက်ပေါ်ခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ရီဟားနားသည် မကြာသေးမီက ထွက်ရှိခဲ့သော “Anti” တေးအယ် လ်ဘမ်အတွက် လက်ရှိအချိန်တွင် ဗြိတိန်နိုင်ငံ၌ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို လုပ်ဆောင်နေပြီး ၂၀၀၉ ခုနှစ်က ခတ္တတွဲခဲ့သော ဒရေ့ခ်ဗျူရဲလ်သည် ဇွန် ၃၀ ရက်ညက မန်ချက်စတာတွင် ဖျော်ဖြေခဲ့သော ပွဲများ၌ ပါဝင်ဖျော်ဖြေခဲ့သည်။

ရီဟားနားနှင့် ဒရေ့ခ်ဗျူရဲလ်တို့ကို Tramps နိုက်ကလပ်တွင် ပြုလုပ်သည့် နီကိုးလ်ရှာဇင် ဝင်းဂါး၏ အသက် ၃၈ နှစ်ပြည့် မွေးနေ့ပွဲအတွက် နံနက် ၅ နာရီ မိနစ်သုံးဆယ်အချိန်က အတူတွေ့ ရှိခဲ့ပြီးနောက် ၂၄ နာရီအကြာ ဇူလိုင် ၁ရက် နံနက် ၄ နာရီ မိနစ် ၃၀ အချိန်တွင် ယင်းနိုက်ကလပ်မှ နှစ်ဦးသား အတူ ထွက်ခွာသွားသည်ကို တွေ့ခဲ့သည်။

လော့စ်အိန်ဂျလိစ်မြို့တွင် ပြုလုပ်သော ဖိုရမ်တွင် “Work” တေးသီချင်းကို ရီဟားနားနှင့် ဒရေ့ခ်ဗျူရဲလ်တို့ အတူသီဆိုဖျော်ဖြေခဲ့သည့် မေလအစောပိုင်းက ၎င်းတို့နှစ်ဦး ပြန်တွဲနေပြီဟူသော သတင်းများ စတင် ထွက်ပေါ်ခဲ့သည်။

ရီဟားနားနှင့် ဒရေ့ခ်ဗျူရဲလ်တို့ လျို့ဝှက်စွာ တွဲနေသည်မှာ လပေါင်းများစွာ ကြာနေပြီဖြစ် ကြောင်း သတင်းအရင်းမြစ်တစ်ခုက People  မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly