ဟောလီးဝုဒ်သမိုင်းတွင် ၀င်ငွေအများဆုံးရသည့် သရုပ်ဆောင် မင်းသမီးအဖြစ် သတ်မှတ် ခံရတဲ့ စကားလက်ဂျိုဟန်ဆန်

ဟောလီးဝုဒ်သမိုင်းတွင် ၀င်ငွေအများဆုံးရသည့် သရုပ်ဆောင် မင်းသမီးအဖြစ် သတ်မှတ် ခံရတဲ့ စကားလက်ဂျိုဟန်ဆန်

နယူးယော့ခ်၊ ဇူလိုင် ၁ ။       ။ ဟောလီးဝုဒ်မင်းသမီး စကားလက်ဂျိုဟန်ဆန်သည် ဟောလီးဝုဒ် ရုပ်ရှင်သမိုင်းတွင် ဝင်ငွေအ များဆုံး ရရှိသည့် ထိပ်တန်း ရုပ်ရှင်သရုပ်ဆောင် ၁၀ဦးစာရင်းတွင် ပါဝင်ခဲ့ကြောင်း Box Office Mojo ဝက်ဆိုက်ဒ်တွင် ဖော်ပြထားသည်။

အသက် ၃၁ နှစ်အရွယ်ရှိ စကားလက် ဂျိုဟန်ဆန်သည်  ဟောလီးဝုဒ်ရုပ်ရှင်သမိုင်းတွင် ဝင်ငွေ အများဆုံးရသည့် အနုပညာရှင်များစာရင်းတွင် နံပါတ် ၁၀ နေရာမှ ရပ်တည်နေသည်။ စကား လက်ဂျိုဟန်ဆန်သည် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာရရှိခဲ့သည့် ၂၀၁၆ ခုနှစ်က လူကြိုက်များ ခဲ့သော ရုပ်ရှင်ကား Captain America: Civil War as Natasha Romanoff / Black Widow နှင့် The Jungle Book as Kaa တို့တွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

ကလေးသရုပ်ဆောင်အဖြစ်  အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး အောင်မြင်သည့် အနုပညာရှင်တစ်ဦး ဖြစ်လာသည့် ဂျိုဟန်ဆန် ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများသည်   မြောက်အမေရိက ရုံတင်ပြသငွေစာရင်းတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလျံအထိ အမြတ် အစွန်း ရရှိခဲ့သည်။

ဂျိုဟန်ဆန်သည် အမျိုးသား အမျိုးသမီး သရုပ်ဆောင်များပါဝင်သော ထိပ်တန်းအနုပညာရှင် များ စာရင်းတွင် အသက်ငယ်ဆုံး အနုပညာရှင်တစ်ဦးဖြစ်ပြီး အသက် ၇၃ နှစ်အရွယ်ရှိ မင်းသားကြီး ဟာရစ်ဆန်ဖော့ဒ်သည် ၎င်း၏ နှစ် ၅၀ အနုပညာသက်တမ်းတွင် စုစုပေါင်းဝင်ငွေ ၄ ဒသမ ၈၈ ဘီလျံ ရရှိထားကာ ထိပ်ဆုံးမှ ရပ်တည်နေသည်။

ကင်မရွန်ဒိုက်ဇ်သည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဘီလျံရရှိထားပြီး ဝင်ငွေအများဆုံး ရရှိသော ထိပ်တန်းအနုပညာရှင် ၂၀ ဦးစာရင်းတွင် နံပါတ် ၁၉ နေရာမှ ပါဝင်သည့် အမျိုးသမီး သရုပ်ဆောင်တစ်ဦးဖြစ်သည်။

“ကျွန်မ အရမ်းကို ကံကောင်းတယ်။ ကျွန်မအကောင်းဆုံး အသက်ရှင်နေထိုင်တယ်။ ကျွန်မ ဝင်ငွေအများဆုံးရရှိတဲ့ အနုပညာရှင်စာရင်းမှာ အမျိုးသားများနည်းတူ ဝင်ငွေအကောင်းဆုံး အနုပညာ ရှင် တစ်ဦးဖြစ်လာတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အမျိးသမီးတိုင်း လုပ်နိုင်မယ်လို့ ကျွန်မထင်ပါတယ်” ဟု ဂျိုဟန်ဆန်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly