စက်တင်ဘာလ နှောင်းပိုင်းမှာ လက်ထပ်တော့မည့် ဆောင်ချောင်ယွီ

စက်တင်ဘာလ နှောင်းပိုင်းမှာ လက်ထပ်တော့မည့် ဆောင်ချောင်ယွီ

ဆိုးလ်၊ ဇူလိုင် ၁ ။        ။ တောင်ကိုရီးယား မင်းသား ဆောင်ချောင်ယွီ သည် စက်တင်ဘာလနှောင်းပိုင်းတွင် လက်ထပ်ပွဲ ကျင်းပတော့မည်ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီက ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

ဆောင်ချောင်ယွီသည် လက်ရှိအချိန်တွင် အနုပညာရှင်အသိုင်းအဝိုင်းကမဟုတ်သော ချစ်သူ မိန်းကလေးနှင့် လက်ထပ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ဆောင်ချောင်ယွီသည် ၎င်း၏ ပရိတ်သတ်ဆိုဒ်မှ တစ်ဆင့် ပရိတ်သတ်များအတွက် ၎င်း၏ ပျော်ရွှင်ဖွယ်သတင်းကို မျှဝေခဲ့သည်။” ကျွန်တော့ကို ချစ်တဲ့ ပရိတ်သတ်တွေ ကျွန်တော် လက်ထပ်ပါတော့မယ်။ ဝမ်းနည်းချိန် ၊ ပျော်ရွှင်ချိန်နဲ့ အခက်အခဲတွေ ကြုံတဲ့အချိန်မှာ ကျွန်တော်နဲ့အတူ အမြဲရှိပေးတဲ့သူနဲ့ ကျွန်တော့ဘဝသစ်ကို စတင် တော့ပါမယ်” ဟု ၎င်းက ရေးသားခဲ့သည်။

“ကျွန်တော် ပရိတ်သတ်တွေ အားလုံးနဲ့ ဆုံချင်ပါတယ်။ တောင်းပန်ပါတယ်။ ခင်ဗျားတို့ ကျွန်တော့် မိသားစုဘဝကို ကောင်းချီပေးမယ်လို့ မျှော်လင့်ပါတယ်။ ခင်ဗျားတို့က ကျွန်တော့်ကို ကောင်းချီပေးမှာ ဟုတ်တယ်မလား။ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်တွေ စိတ်မပျက်ရလေအောင် မပြောင်းလဲတဲ့ ပုံရိပ်တွေကို ခင်ဗျားတို့ကို ဆက်လက် ပြသသွားမှာပါ”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly