“Spectre” ဂျိမ်းစဘွန်းဇာတ်ကား အကြမ်းဖက်မှု ပြကွက်အပေါ် အဓိကထားသည့် ဇာတ်ကားအဖြစ် BBFC တွင် တိုင်ကြားမှု အများဆုံးဖြစ်နေ

“Spectre” ဂျိမ်းစဘွန်းဇာတ်ကား အကြမ်းဖက်မှု ပြကွက်အပေါ် အဓိကထားသည့် ဇာတ်ကားအဖြစ် BBFC တွင် တိုင်ကြားမှု အများဆုံးဖြစ်နေ

လော့စ်အိန်ဂျလိစ် ၊ ဇူလိုင် ၁ ။         ။ ဂျိမ်းစဘွန်း ဇာတ်ကားတစ်ကားဖြစ်သော “Spectre” ဇာတ်ကားသည် ၂၀၁၅ ခုနှစ်တွင် ရုပ်ရှင်အမျိုးအစား ခွဲခြားသတ်မှတ်ရေး ဗြိတိန်ဘုတ်အဖွဲ့ (BBFC)သို့ တိုင်ကြားမှုအများဆုံး ဇာတ်ကားဖြစ်ကြောင်း နှုန်းထား သတ်မှတ်ရေးအဖွဲ့က ထုတ်ပြန်သည်။

 12 A ဟု သတ်မှတ်ထားသော ဂျိမ်းစဘွန်းဇာတ်ကား “Spectre” သည် အကြမ်းဖက်မှုပြကွက် အခင်းအကျင်းများအပေါ် အဓိကထား ရိုက်ကူးသည့် ဇာတ်ကားအဖြစ် တိုင်ကြားမှုပေါင်း ၄၀ လက်ခံရ ရှိထားသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ထုတ်လွှင့်ပြသခဲ့သော “Spectre” ဇာတ်ကားသည် ဒန်ရီရဲလ်ခရက်၏ “007” ဇာတ်ကားတွင်ပါဝင်သည့်  ရာဇဝတ်မှုအဖွဲ့ကို လိုက်လံချေမှုန်းပုံများကို အသားပေး ရိုက်ကူးထားသည်။

ဇာတ်ကားများနှင့် စပ်လျဉ်း၍ BBFC သို့ ပြန်လာသည့် လူထု၏ တုံ့ပြန်ချက်များတွင် “Kingsman: The Secret Service” နှင့် “Minions” ဇာတ်ကားများလည်း ပါဝင်သည်။

“Spectre ” ဇာတ်ကား ဖြန့်ချိသူသည် ဇာတ်ကားထုတ်လုပ်စဉ်ကာလအတွင်း 12A အဆင့်ကို ဘယ်လိုထိန်းသိမ်းထားရမည်ဆိုသည်နှင့် စပ်လျဉ်း၍ အကြံပြုခဲ့ကြောင်း BBFC ၏ နှစ်စဉ်ထုတ်ပြန် သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

“Kingsman: The Secret Service ” ဇာတ်ကားသည် တိုင်ကြားမှုပေါင်း ၃၈ ခုရှိကြောင်း နှင့် ယင်းဇာတ်ကားတွင် ကိုလင်ဖစ် ၊ ဆဲလ်မြူလာဂျက်ဆင် ၊ မက်ခ်စတောင်း ၊ တာရွန်အီဂါတန်နှင့် မစ်ချဲလ်ကိန်းတို့ ပါဝင် သရုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly