“Formation” ကမ္ဘာလှည့်ဖျော်ဖြေပွဲ ဗြိတိန်ခရီးစဉ်ကို စတင်ခဲ့တဲ့ ဘီယွန်စေး

“Formation” ကမ္ဘာလှည့်ဖျော်ဖြေပွဲ ဗြိတိန်ခရီးစဉ်ကို စတင်ခဲ့တဲ့ ဘီယွန်စေး

နယူးယော့ခ်၊ ဇွန် ၃၀ ။      ။ ကမ္ဘာကျော်အဆိုတော် ဘီယွန်စေးသည် ၎င်း၏ “Formation” ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ် ကို ဆန်ဒါးလမ်း၏ အားကစားကွင်းတွင် ဇွန်၂၈ ရက်ညက စတင်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗြိတိန်ရာသီဥတု စိုစွတ်နေသော်လည်း ဘီယွန်စေး၏ ဖျော်ဖြေမှုက ပရိတ်သတ်များကို ပျော်ရွှင် ကြည်နူးစေခဲ့ကြောင်းနှင့် ဘီယွန်စေးသည် သတ်မှတ်ထားသည့် အချိန်ထက် ၄၅ မိနစ် နောက်ကျမှ ဖျော်ဖြေပွဲကို စတင်ခဲ့သည်။

“ဖျော်ဖြေပွဲကို ခင်ဗျားနောက်ကျမှ ရောက်မလာသင့်ဘူး။ ဒါက မင်းရဲ့အလုပ်ပဲ။ အချိန်မှန်ရ မယ်။ အထူးသဖြင့် ဒီလို မိုးတွေရွာပြီး အေးနေတဲ့ အချိန်မျိုးမှာပေါ့” ဟု ပရိတ်သတ်တစ်ဦးက တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ ”ဘီယွန်စေးဟာ နောက်ကျမှ ရောက်လာခဲ့တယ်။ ဒါပေမဲ့ အချိန်ကိုက် ပြီးဆုံးပါတယ်” ဟု အခြားတစ်ဦးက ရေးသားထားသည်။

ဘီယွန်စေးသည် ကာဒစ်ဖ်မြို့၌ ဇွန် ၃၀ ရက်တွင် ဆက်လက်ဖျော်ဖြေ ကျင်းပသွားမည်ဖြစ်ပြီး လန်ဒန်မြို့ ဝင်ဘလေကွင်း၌  ဇူလိုင် ၂ ရက်နှင့် ၃ ရက်တို့တွင် ဖျော်ဖြေသွားမည် ဖြစ်သည်။ ဇူလိုင် ၉ ရက်တွင် ဒူဘလင်သို့ မသွားရောက်မီ မန်ချက်စတာနှင့် ဂလက်စ်ဂိုမြို့တို့တွင် ဖျော်ဖြေပွဲကို အဆုံးသတ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags