အကယ်ဒမီ အဖွဲ့ဝင်အသစ်အဖြစ် ခန့်အပ်ခံရတဲ့ လီဗြောင်ဟွန်း

အကယ်ဒမီ အဖွဲ့ဝင်အသစ်အဖြစ် ခန့်အပ်ခံရတဲ့ လီဗြောင်ဟွန်း

ဆိုးလ်၊ ဇွန် ၃၀ ။       ။ တောင်ကိုရီးယား မင်းသား လီဗြောင်ဟွန်းသည် Academy of Motion Picture Arts and Sciences အဖွဲ့ဝင်အသစ်အဖြစ် ရွေးချယ်ခန့်အပ်ခြင်း ခံခဲ့ရသည်။

“ကျွန်တော် အကယ်ဒမီအဖွဲ့ဝင်တစ်ဦးအဖြစ် ရွေးချယ် ဂုဏ်ပြုခံရပါတယ်။ ကိုရီးယားနိုင်ငံမှာ အံ့အားသင့်ဖွယ်ကောင်းတဲ့ ဒါရိုက်တာတွေနဲ့ သရုပ်ဆောင်တွေ အများကြီးရှိပါတယ်။ ကမ္ဘာပေါ်မှာ ကိုရီးယားရုပ်ရှင်တွေ ပိုပြီး ထိတွေ့ခွင့်ရအောင် ဒီအခွင့်ရေးကို အသုံးချဖို့ ကျွန်တေ်ာ ကြိုစားသွားမှာပါ” ဟု လီဗြောင်ဟွန်းက ဇွန် ၃၀ ရက်တွင် ၎င်း၏ အေဂျင်စီမှတစ်ဆင့် ထုတ်ပြန်ပြောကြားခဲ့သည်။

အကယ်ဒမီအဖွဲ့သည် အကယ်ဒမီဆုပေးပွဲ အခမ်းအနားတွင် များပြားလှသော ရုပ်ရှင်ကားများ ထဲမှ အရည်သွေးပြည့်ဝသော ရုပ်ရှင်ကားများကို နှစ်စဉ် ရွေးချယ်ပေးသည်။ လီဗြောင်ဟွန်းသည် တောင်ကိုရီးယားနိုင်ငံတွင် အမြတ်အစွန်းများပြားသော ရုပ်ရှင်များတွင် ပါဝင ်သရုပ်ဆောင်လျက်ရှိပြီး မကြာသေးမီက “G.I . Joe : The Rise of Corba” နှင့်  “Terminator Genisys”  ကဲ့သို့သော ဟောလီးဝုဒ် ရုပ်ရှင်ကားများတွင် ပါဝင်သရုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly