ကဗျာဆရာ ရူမီအဖြစ် လီယိုနာဒို ဒီကာပီရို သရုပ်ဆောင်သွားမည် မဟုတ်

ကဗျာဆရာ ရူမီအဖြစ် လီယိုနာဒို ဒီကာပီရို သရုပ်ဆောင်သွားမည် မဟုတ်

နယူးယော့ခ် ၊ ဇွန် ၃၀ ။       ။ အော်စကာဆုရှင် လီယိုနာဒို ဒီကာပီရိုသည် ပါရှန်ကဗျာဆရာ ရူမီအဖြစ် သရုပ်ဆောင်သွား မည် မဟုတ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဇာတ်ညွန်းရေးဆရာ ဒေးဗစ်ဖရန်ဇိုနီနှင့် ထုတ်လုပ်သူ စတီဖင်ဂျိုး ဘရောင်းတို့သည် ၁၃ ရာစု ကဗျာဆရာအကြောင်း ရိုက်ကူးမည့် ဇာတ်ကားတွင် လီယိုနာဒိုကို ပါဝင် သရုပ်ဆောင်စေချင်သော် လည်း လီယိုနာဒိုသည် ယင်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်မဟုတ်ကြောင်း လီယိုနာဒိုနှင့် နီးစပ်သော သတင်းအရင်းမြစ်များက ပြောကြားသည်။

ဇာတ်ညွန်းရေးဆရာ ဒေးဗစ်ဖရန်ဇိုနီနှင့် ထုတ်လုပ်သူ စတီဖင် ဂျိုးဘရောင်းတို့က ပါရှန်ကဗျာ ဆရာ ရူမီအဖြစ် သရုပ်ဆောင်ရန် ၎င်းတို့ ရွေးချယ်ထားသော ထိပ်တန်းစာရင်းတွင် လီယိုနာဒိုပါ ဝင်ကြောင်း တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

လီယိုနာဒိုသည် ရုပ်ရှင်ရိုက်ကူးသူများ၏ လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိသော ထိပ်တန်းမင်း သားများ စာရင်းတွင် မကြာခဏဆိုသလို ပါဝင်သူတစ်ဦးဖြစ်သည်။ လီယိုနာဒိုသည် ၎င်းပါဝင် သရုပ် ဆောင်သွားမည့် နောက်ထပ် ရုပ်ရှင်ကားသစ်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

လီယိုနာဒိုကို ပါရှန်ကဗျာဆရာ ရူမီအဖြစ် ပါဝင်သရုပ်မဆောင်ရန် ပရိတ်သတ် ၈၀၀၀ ခန့်က လည်း အွန်လိုင်း မေတ္တာရပ်ခံစာတွင် လက်မှတ်ရေးထိုးကာ တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly