ဆောင်းဂျွန်ကီ၏ ကိုယ်ရေးကိုယ်တာကိစ္စ ကောလဟာလသတင်းနှင့် ပတ်သက်၍ အေဂျင်စီ ငြင်းဆို

ဆောင်းဂျွန်ကီ၏ ကိုယ်ရေးကိုယ်တာကိစ္စ ကောလဟာလသတင်းနှင့် ပတ်သက်၍ အေဂျင်စီ ငြင်းဆို

ဆိုးလ်၊ ဇွန် ၃၀ ။       ။ တောင်ကိုရီးယားမင်းသား ဆောင်းဂျွန်ကီသည် ၎င်း၏ချစ်သူနှင့် လော့စ်အိန်ဂျလိစ်သို့ အလည် ပတ်ခရီး သွားရောက်ခဲ့ကြောင်း တရုတ်မီဒီယာ Fenghuang က သတင်းထုတ်ပြန်ပြီးနောက် ဆောင်းဂျွန်ကီ၏ အေဂျင်စီက ယင်းမှာ ကောလဟာလသတင်းသာ ဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။ တရုတ်မီဒီယာက သတင်းထုတ်ပြန်ပြီးနောက် ၁၀ မိနစ်အတွင်း အေဂျင်စီက ယခုကဲ့သို့ တုန့် ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဆောင်း၏ မိန်းကလေးလို့ စွပ်စွဲခံရတဲ့ မိန်းကလေးဟာ သူရဲ့ ဝန်ထမ်းဖြစ်ပါတယ်။ ဆောင်းဟာ သူရဲ့ဝန်ထမ်းတွေနဲ့အတူ ပြည်ပကို အလည်ပတ်ခရီး သွားတာဖြစ်ပါတယ်” ဟု Blossom Entertainment က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆောင်းသည် “Descendants of the Sun” ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကားတွင် ခေါင်းဆောင်မင်းသားနေရာမှ သရုပ်ဆောင်ခြင်းဖြင့် ပရိတ်သတ်များ၏ အားပေးမှုကို ရရှိထားသူ တစ်ဦးဖြစ်သည်။   ဆောင်း၏ အောင်မြင်ကျော်ကြားမှုက ၎င်း၏ ပုဂ္ဂိုလ်ရေးရာ ဆက်ဆံရေးနှင့် စပ်လျဉ်း ၍ ကောလဟာလများကို မြှင့်တတ်စေခဲ့သည်။

ဆောင်းဂျွန်ကီသည် မတ်ကလလည်း “Descendants of the Sun” ဇာတ်ကားတွင် ပူးတွဲသ ရုပ်ဆောင် ဆောင်းဟေဂျို (အွန်စော)နှင့် တွဲနေသည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်ခဲ့ သည်။ အဆိုပါ ကောဟာလသည် ၎င်းတို့နှစ်ဦး ဆင်တူလက်ကောက်ကို ဝတ်ဆင်ထားသည့် ဓာတ်ပုံ ကြောင့် ထွက်ပေါ်လာဖွယ်ရှိသည်။ ယင်းနောက် ဆောင်းဟေဂျိုက ၎င်း၏ လက်ကောက်ဝတ်တွင်   ခေါင်းစီးကြိုးကို ဝတ်ဆင်ထားခြင်းဖြစ်ကြောင်းနှင့် လက်ကောက်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly