ဖိလစ်ပိုင်နိုင်ငံ၏ ၁၆ ဦးမြောက် သမ္မတအဖြစ် ရိုဒရီဂို ဒူတာတေး ကျမ်းသစ္စာကျိန်ဆို

ဖိလစ်ပိုင်နိုင်ငံ၏ ၁၆ ဦးမြောက် သမ္မတအဖြစ် ရိုဒရီဂို ဒူတာတေး ကျမ်းသစ္စာကျိန်ဆို

ဇွန် ၃၀။               ။ မေလ ၉ ရက်က ကျင်းပခဲ့သော ဖိလစ်ပိုင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဒါဗာအို မြို့တော်ဝန်ဟောင်း ရိုဒရီဂို ဒူတာတေးသည် ဇွန်လ ၃၀ ရက်က နိုင်ငံ၏ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သမ္မတသစ် ဖြစ်လာသူ ဒူတာတေးမှာ နိုင်ငံတွင် ရာဇဝတ်မှုများအပေါ် တင်းကျပ်စွာ ကိုင်တွယ်သွားရေးက ၎င်း၏ ခြောက်နှစ်တာသက်တမ်းတွင် အဓိက လုပ်ဆောင်မည့် ကိစ္စရပ်ဖြစ်ကြောင်း ပြောကြားထားခဲ့သူဖြစ်သည်။

ဒူတာတေး၏ ယခု ကျမ်းသစ္စာကျိန်ဆိုမှုအခမ်းအနားသည် လူအများအပြားစုရုံးတက်ရောက်ခဲ့သည့် ယခင် ဖိလစ်ပိုင် ခေါင်းဆောင်များ၏ ကျမ်းကျိန်ပွဲများနှင့် မတူဘဲ သမ္မတအိမ်တော်ထဲတွင် ပရိသတ်အနည်းအကျဉ်းကိုသာ ဖိတ်ခေါ်ကာ လုပ်ဆောင်ခဲ့သည်။

" ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု၊ ပူးပေါင်းပါဝင်မှု မပါရင် ဘယ်လောက်ပဲ အာဏာပြင်းတဲ့ခေါင်းဆောင်ပဲဖြစ်ပါစေ နိုင်ငံရဲ့ အရေးပါအရာရောက်မှုတွေကို အောင်မြင်အောင်   ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး" ဟု ကျမ်းကျိန်ပွဲအခမ်းအနားတွင် သမ္မတသစ် ဒူတာတေးက ပြောကြားသွားသည်။

ဖိလစ်ပိုင်သမ္မတသစ် ဖြစ်လာသူ ဒူတာတေး၏ ရာဇဝတ်မှု တိုက်ဖျက်ရေး အစီအမံများထဲတွင် သေဒဏ် ပြစ်ဒဏ်ကို ပြန်လည်ကျင့်သုံးရေး၊ လုံခြုံရေးတပ်ဖွဲ့များကို ပစ်ခတ်ဖမ်းဆီးခွင့် ပေးခြင်း၊ မူးယစ် ရာဇာများကို အသေဖမ်းဆီးနိုင်ပါက ဆုငွေပေးခြင်း စသည်တို့ ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly