တေးယွန်၏ ဒုတိယမြောက် မီနီအယ်လ်ဘမ် ပြည်တွင်းပြည်ပ တေးဂီတ အယ်လ်ဘမ် ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

တေးယွန်၏ ဒုတိယမြောက် မီနီအယ်လ်ဘမ် ပြည်တွင်းပြည်ပ တေးဂီတ အယ်လ်ဘမ် ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

ဆိုးလ်၊ ဇွန် ၂၉ ။         ။ တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ Girls’ Generation  အဖွဲ့ဝင် တေးယွန်၏ ဒုတိယ မြောက် မီနီတေးအယ်လ်ဘမ် “Why” သည် ပြည်တွင်းပြည်ပရှိ  iTunes တေးဂီတ အယ်လ်ဘမ်ဇ ယားတွင် နံပါတ်တစ်နေရာမှ ရပ်တည်လျက် ရှိသည်။

အဆိုပါ တေးအယ်လ်ဘမ်သည် ဇွန် ၂၈ ရက်က ထွက်ရှိခဲ့ပြီး ဂျပန်၊ ဗီယက်နမ်၊ ထိုင်း၊ ထိုင်ဝမ်၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ မက်ကာအို၊ ဟောင်ကောင်၊ ဘရူနိုင်းနှင့် ကမ္ဘောဒီယား အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံရှိ  iTunes တေးအယ်လ်ဘမ်ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

“Why” တေးအယ်လ်ဘမ်သည် ဂျပန်၊ ဗီယက်နမ်၊ ထိုင်း၊ ပနားမားနှင့် ချီလီနိုင်ငံအပါအဝင် နိုင်ငံ ၁၃ နိုင်ငံရှိ ပေါ့ပ်အယ်လ်ဘမ် ဇယားတွင်လည်း နံပါတ်တစ်နေရာကို ရရှိထားသည်။ ကနေဒါနှင့် ဆွီဒင်နိုင်ငံရှိ ပေါ့ပ်အယ်လ်ဘမ်ဇယားတွင် နံပါတ် ၃ နေရာ၌ ရပ်တည်နေကာ အမေရိကန်ပြည် ထောင်စု၊ ရုရှ၊ ဖင်လန်နှင့် မက်ဆီကိုနိုင်ငံတွင် နံပါတ် ၄ နေရာနှင့်  သြစတြေးလျ၊ နယူးဇီလန်နှင့် ဘရာဇီးနိုင်ငံတို့တွင် နံပါတ် ၅ နေရာ၊ နော်ဝေးနိုင်ငံတွင် နံပါတ် ၆ နေရာ၊ ဘေလာရုစ်နိုင်ငံတွင် နံပါတ် ၈ နေရာနှင့် နယ်သာလန်နိုင်ငံတွင် နံပါတ် ၁၀ နေရာတို့တွင် ရပ်တည်လျက်ရှိသည်။

တေးယွန်သည် ဇူလိုင် ၁ ရက်တွင ်စတင်မည့် “Music Bank” တေးဂီတအစီစဉ်တွင် ပြန်လည် ပါဝင်သွားမည် ဖြစ်သည်။ တေးယွန်သည် ဆိုးလ်အိုလံပစ်ခန်းမ၌ ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်တို့တွင် ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဘူဆန်၌  သြဂုတ်လတွင် ဖျော်ဖြေပွဲ ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly