လော့စ်အိန်ဂျလိစ် နိုက်ကလပ် ပစ်ခတ်မှုနှင့် စပ်လျဉ်း၍ Suge Knight က ခရစ္စဘ ရောင်းကို တရားစွဲဆို

လော့စ်အိန်ဂျလိစ် နိုက်ကလပ် ပစ်ခတ်မှုနှင့် စပ်လျဉ်း၍ Suge Knight က ခရစ္စဘ ရောင်းကို တရားစွဲဆို

နယူးယော့ခ်၊ ဇွန် ၂၉ ။        ။ ရက်ပ်တေးသီချင်း ထုတ်လုပ်သူဟောင်း Suge Knight သည် ၂၀၁၄ ခုနှစ်က အနောက်ဟော လီးဝုဒ် နိုက်ကလပ်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုနှင့်စပ်လျဉ်း၍  ခရစ္စဘရောင်းနှင့် ကလပ်ပိုင်ရှင်များ ကို တရားစွဲဆိုထားကြောင်းနှင့် ပစ်ခတ်မှုအတွင်း Suge Knight သည် သေနတ်ဒဏ်ရာ ရရှိခဲ့သည်။

Knight သည် ဘရောင်း၊ အဆိုတော် ပီယာမီယာပရက်စ်နှင့် 1Oak နိုက်ကလပ်ပိုင်ရှင်များကို ဇွန် ၂၇ ရက်က လော့စ်အိန်ဂျလိစ် တရားရုံးချုပ်တွင် အမှုဖွင့် တိုင်ကြားခဲ့သည်။၂၀၁၄ ခုနှစ် သြဂုတ် လက MTV ဗီဒီယိုတေးဂီတ ဆုပေးပွဲအကြို ဘရောင်းသည် ပရက်စ်နှင့်အတူ ပူးတွဲအစီစဉ်မှူးအဖြစ် လုပ်ဆောင်ခဲ့သော အနုပညာရှင်များ တတ်ရောက်ခဲ့သည့် ပါတီပွဲတွင် လုံခြုံရေးကို ပြည့်ပြည့်၀၀ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း တရားစွဲဆိုမှုတွင် Suge Knight က ပြောကြားထားသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း Death Row Records တေးထုတ်လုပ်ရေးကို ပူးတွဲတည်ထောင်သူ ဟောင်း Suge Knight သည် သေနတ်ဒဏ်ရာ ခုနစ်ချက် ရရှိခဲ့သည်။ Suge Knight သည် ဝမ်းဗိုက်၊ ရင်ဘက်နှင့် ဘယ်ဘက်လက်ဖျံတို့တွင် ဒဏ်ရာများ ရရှိခဲ့သည်။

ဘရောင်းသည် လူဆိုးဂိုဏ်းအဖွဲ့နှင့် အကြမ်းဖက်ရာဇဝင်ရှိပြီး ဘရောင်း အစီစဉ်မှူးလုပ်ဆောင် သည့် ပါတီပွဲများတွင် မကြာခဏဆိုသလို တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ကြောင်း တရားစွဲဆိုမှုတွင် ပြောကြားထားသည်။ တရားစွဲဆိုမှုတွင် Knight သည် နစ်နာကြေး မည်မျှတောင်းဆိုသည်ကို ဖော်ပြ ထားခြင်း မရှိပေ။

“ပေါ့ဆမှုရလဒ်ကြောင့် လက်နက်တွေသယ်ဆောင်လာတဲ့ အမည်မသိသူတွေကို ပါတီပွဲအ တွင်း ဝင်ခွင့်ရခဲ့တယ်”ဟု တိုင်တန်းချက်တွင် ပြောကြားထားသည်။

Knight သည် လူသတ်မှုစွဲချက်ဖြင့် ထောင်ထဲတွင်ရှိနေပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလက လော့စ်အိန်ဂျလိစ်မြို့အနီးတွင် လူနှစ်ဦးကို ကားဖြင့်တိုက်ခဲ့သဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့သည့် အမှုဖြင့် စွဲချက်တင်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly