“Shopping King Louie” ဇာတ်ကားတွင် ခေါင်းဆောင်မင်းသားနေရာမှ ပါ၀င် သရုပ်ဆောင်သွားမည်ဟု မင်းသား Seo In-guk အတည်ပြု

“Shopping King Louie” ဇာတ်ကားတွင် ခေါင်းဆောင်မင်းသားနေရာမှ ပါ၀င် သရုပ်ဆောင်သွားမည်ဟု မင်းသား Seo In-guk အတည်ပြု

ဆိုးလ်၊ ဇွန် ၂၉ ။      ။ တောင်ကိုရီးယား သရုပ်ဆောင် မင်းသားတစ်ဦးဖြစ်ပြီး အဆိုတော် တစ်ဦးဖြစ်သူ Seo- In –guk သည် MBC ရုပ်သံ၏ “Shopping King Louie” ဇာတ်ကားတွင်   ခေါင်းဆောင်မင်းသားနေရာမှ ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း  Daily Sports တွင် ဖော်ပြထားသည်။

Seo သည်  အောင်မြင်ကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင်၏ တစ်ဦးတည်းသောမြေး ကင်ဂျီဆောင်အဖြစ် ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်သည်။ Seo ၏ ဇာတ်ကောင်စရိုက်သည် မတော် တဆမှုတွင် မိဘနှစ်ပါးလုံး သေဆုံးခဲ့ပြီး အမေရိကတွင် ရှင်သန်ကြီးပြင်းလာသည့် ဇာတ်ကောင်စရိုက် ဖြစ်သည်။

မင်းသမီး နမ်ဂျီဟွန်းနှင့် မင်းသား ယွန်ဆောင်ဟွန်းတို့သည် “Shopping King Louie” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည့် ဇာတ်ကောင်စရိုက်နှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ လုပ်ဆောင်ပြီး ဖြစ်သည်။ သို့ရာတွင် ၎င်းတို့နှစ်ဦး၏ ဇာတ်ကောင်စရိုက်ကို ယခုအချိန်ထိ အတည်ပြု ခဲ့ခြင်း မရှိပေ။

Seo သည် လက်ရှိအချိန်တွင် OCN ရုပ်သံ ဒရမ်မာဇာတ်ကား “38 Task Force” တွင် ပါဝင် သရုပ်ဆောင်လျက်ရှိကြောင်းနှင့် အဆိုပါ ဇာတ်ကားသည် သြဂုတ်လတွင် ပြီးဆုံးမည်ဟု မျှော်မှန်းထား သည်။

“Shopping King Louie” ဇာတ်ကားကို စက်တင်ဘာလတွင် စတင်ထုတ်လွှင့်ပြသသွားရန် မျှော်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly