ခြေထောက်အဆစ် လွဲခဲ့သော်လည်း ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဆက်လက် ကျင်းပခဲ့တဲ့ ဂျက်စတင်ဘီဘာ

ခြေထောက်အဆစ် လွဲခဲ့သော်လည်း ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဆက်လက် ကျင်းပခဲ့တဲ့ ဂျက်စတင်ဘီဘာ

ဆယ်ကျော်သက်အရွယ်များ အသည်းစွဲအဆိုတော် ဂျက်စတင်ဘီဘာသည် ဖျော်ဖြေပွဲတွင် စတိတ်စင်ပေါ်မှ ပြုတ်ကျခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် ခြေထောက်အဆစ်လွဲခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျက်စတင်ဘီဘာသည် ယခုအခါ ခြေထောက်အဆစ်လွဲနေသာ်လည်း ၎င်း၏ “ The Purpose World Tour” ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဆက်လက်ကျင်းပခဲ့သည်။ဂျက်စတင်သည် အဆစ်လွဲနေသော ခြေထောက်ကို ရေခဲတွင်စိမ်ထားသည့် ဓာတ်ပုံကို  အင်စတာဂရမ်တွင် တင်ခဲ့ပြီး ဘတ်စကတ် ဘောကစားစဉ် ခြေထောက် အဆစ်လွဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

သို့သော်လည်း ဒဏ်ရာသည် ဂျက်စတင်၏ ဖျော်ဖြေပွဲကို ရပ်တန့်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ ဘီဘာသည် စင်စင်နာတီမြို့ ဖျော်ဖြေပွဲမှ ဗီဒီယိုကို မျှဝေခဲ့ရာ ခြေထောက်တစ်ဖက်သည် ခုန်ဆွခုန်ဆွ ဖြစ်နေသည်ကို တွေ့မြင်ရသည်။

ဂျက်စတင်ဘီဘာသည် ဇွန် ၂၄ ရက်က ဘတ်စကတ်ဘော ကစားစဉ် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သော်လည်း ဖျော်ဖြေပွဲကို ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly