ကမ္ဘောဒီယားကလေးများအတွက် ပရိတ်သတ်များ၏လှူဒါန်းမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တဲ့ ဆောင်းဂျောင်ကီ

ကမ္ဘောဒီယားကလေးများအတွက် ပရိတ်သတ်များ၏လှူဒါန်းမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တဲ့ ဆောင်းဂျောင်ကီ

တောင်ကိုရီးယားမင်းသား ဆောင်းဂျောင်ကီသည် တိုင်ပေတွင် ကျင်းပပြုလုပ်သော ပရိတ်သတ်တွေ့ဆုံပွဲတွင် ကမ္ဘာဒီယားကလေးများအတွက် ပရိတ်သတ်များ၏ လှူဒါန်းမှုကို ကျေးဇူးတင် ကြောင်း ပြောကြားခဲ့သည်။

ပြည်တွင်း ပရိတ်သတ် ၄၀၀၀ ခန့် တတ်ရောက်ခဲ့သော ပရိသတ်တွေ့ဆုံပွဲအတွင်း ဖြတ်ညှပ် လုပ်ထားသော “Thank You”  စာသားကတ်ပြားနှင့်အတူ ကျေးဇူးတင်ကြောင်းကို ဖော်ပြထားသော ကမ္ဘာဒီယားကလေးများ၏ ဓာတ်ပုံကို ပြသခဲ့ပြီး ဆောင်းက ပရိတ်သတ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ပရိတ်သတ်တွေ့ဆုံပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေချိန်မှာ သူငယ်ချင်းတစ်ယောက်က ဒီဓာတ်ပုံကို အင်တာနက်ကနေ ကျွန်တော့်ဆီ ပေးပို့ခဲ့တာပါ။ အဲ့အချိန်မှာ ကျွန်တော် အရမ်းကို အံ့အားသင့်သွားခဲ့ပါတယ်” ဟု ဆောင်းဂျောင်ကီက ပြောကြားခဲ့သည်။

KBS2 ရုပ်သံ၏ လူကြိုက်များသော ဇာတ်လမ်းတွဲ “Descendants of the Sun” ၏ မင်းသမီး ဆောင်းဟေဂျို (အွန်စော)နှင့် မင်းသား ဆောင်းဂျောင်ကီတို့ကိုယ်စား ပရိတ်သတ်များက လုပ်ဆောင် ပေးသော လှူဒါန်းမှုအစီစဉ်သည် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော ပညာရေး အခွင့်အ လမ်းများကို ဖော်ဆောင်ရာတွင် အသုံးပြုသွားမည်ဖြစ်သည်။

“ကျွန်တော် အရမ်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ပရိတ်သတ်တွေဆီက အများကြီး သင်ယူရပါဦးမယ်”ဟု ဆောင်းဂျောင်ကီက ပြောကြားခဲ့သည်။

မင်းသမီး ဆောင်းဟေဂျိုကလည်း ပရိတ်သတ်များကို ကျေးဇူးတင်ကြောင်း လူမှုရေးမီဒီယာမှ တစ်ဆင့် ပြောကြားခဲ့သည်။

“လှပတဲ့ စိတ်ထားရှိတဲ့ ပရိတ်သတ်တွေကို ကျွန်မ ကျေဇူးတင်ပါတယ်။ ပရိတ်သတ်တွေက ကျွန်မကို ပျော်အောင်လုပ်ပေးတယ်။ ဒီလှူဒါန်းမှုအတွက်လည်း ကျွန်မ အရမ်းမြတ်နိုးမိပါတယ်။ ကျွန်မ ပရိတ်သတ်တွေကို အရမ်းချစ်ပါတယ်” ဟု ဆောင်းဟေဂျိုက အင်စတာဂရမ်မှ တစ်ဆင့် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly