ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့ ကင်ဆောင်မင်း

ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့ ကင်ဆောင်မင်း

ဆိုးလ်၊ ဇွန် ၂၅ ။           ။ တောင်ကိုရီးယားမင်းသား ကင်ဆောင်မင်းသည် ဇွန် ၂၄ ရက် အစောပိုင်းက ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ပြီးနောက် ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ကင်ဆောင်မင်းသည် ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်နေစဉ် ၎င်းတို့၏ အသက် ၁၈ နှစ်အရွယ် ရှိ သားဖြစ်သူက ဖခင်သည် မိခင်ဖြစ်သူအား ရိုက်နှက်ခဲ့ကြောင်း ဇွန် ၂၄ ရက်အစောပိုင်းက ရဲစခန်းကို ဖုန်းဆက် တိုင်းကြားခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ရာ ကင်၏ ဇနီးဖြစ်သူက အသေးအဖွဲ စကားများ ရန်ဖြစ်ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ကင်၏ ဇနီးဖြစ်သူသည် သားဖြစ်သူကို ခေါ်ဆောင်ကာ အပြင်သို့ ထွက်သွား ခဲ့သည်။ ဆယ်မိနစ်ကြာပြီးနောက် ကင်၏ ဇနီးဖြစ်သူသည် ရဲတပ်ဖွဲ့သို့ ဖုန်းဆက်ခဲ့ပြီး ခင်ပွန်းဖြစ်သူ သည် အရက်သောက်လာပြီးနောက် ကိုယ့်ကိုကိုယ် သတ်သေလိုကြောင်း မကြာခဏ ပြောဖူးခြင်း ကြောင့် ခင်ပွန်းဖြစ်သူ ကိုယ့်ကိုကိုယ် သတ်သေမည်ကို စိုးရိမ်မိကြောင်း ထို့ကြောင့် နေအိမ်သို့ နောက်တစ်ခေါက် သွားရောက်ကြည့်ရှုပေးရန် အကူညီတောင်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

ကင်၏ ဇနီးဖြစ်သူ မေတ္တာရပ်ခံချက်ကြောင့် ရဲတပ်ဖွဲ့သည် ဇွန် ၂၄ ရက် နံနက် ၁ နာရီ ၅၅ မိနစ်အချိန်က ၎င်းတို့၏ နေအိမ်ကို သွားရောက်ခဲ့ရာ ရေချိုးခန်း၌ လည်ပင်းတွင် နက်ကတိုင်ကို တင်းတင်းကြပ်ကြပ် စည်းနှောင်ထားသည့် သတိလစ်နေသော ကင်ကို တွေ့ရှိခဲ့သည်။

ကင်ကို ဂမ်းနမ်ရှိ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အရေးပေါ်ခွဲစိတ်ကုသမှု လုပ်ဆောင်ခဲ့ရာ ယခုအခါ အခြေနေမှာ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည်။

အသက် ၄၂ နှစ်အရွယ်ရှိ ကင်သည် မကြာသေးမီက မူးယစ်ဆေးဝါးမှုဖြင့် ထောင် ၁၀ လ ကျခဲ့ပြီး ဇန်နဝါရီလတွင် ထောင်မှ လွှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly