ဂျာမန် ရော့ခ်တေးဂီတအဖွဲ့ Scorpions စင်္ကာပူတွင် ဖျော်ဖြေသွားမည်

ဂျာမန် ရော့ခ်တေးဂီတအဖွဲ့ Scorpions စင်္ကာပူတွင် ဖျော်ဖြေသွားမည်

စင်္ကာပူ၊ ဇွန် ၂၃ ။         ။ ဂျာမန် ရော့ခ်တေးဂီတအဖွဲ့ Scorpions သည် ၎င်းတို့၏ အနုပညာသက်တမ်း နှစ် ၅၀ ပြည့် အထိမ်းအမှတ် ကမ္ဘာလှည့်ဖျော်ဖြေပွဲ အစိတ်ပိုင်းတစ်ရပ်အဖြစ် စကာၤပူနိုင်ငံတွင် မကြာမီ ညရှိုးပွဲတစ်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ဖျော်ဖြေပွဲစီစဉ်သူ LAMC Productions က ဇွန် ၂၃ ရက်တွင် မီဒီယာ တစ်ခုကို ပြောကြားခဲ့သည်။

Scorpions ရော့ခ်တေးဂီတအဖွဲ့သည် Singapore Cenvention & Exhibition  စင်တာ၌ အောက်တိုဘာ ၂၁ ရက်တွင် ဖျော်ဖြေပွဲကျင်းပသွားမည် ဖြစ်သည်။

Scorpions တေးဂီတအဖွဲ့သည် ကမ္ဘာတစ်ဝန်း တေးအယ်လ်ဘမ် သန်းတစ်ရာကျော် ရောင်းချခဲ့ရပြီး ဥရောပတိုက်၏ အအောင်မြင်ဆုံး ရော့ခ်တေးဂီတ အဖွဲ့တစ်ဖွဲ့လည်းဖြစ်ကြောင်း LAMC Productionsက ပြောကြားသည်။ Winds Of Change၊ Rock You Like A Hurricane ၊ No One Like You နှင့် Send Me an Angel ကဲ့သို့သော အောင်မြင်ကျော်ကြားသော တေးသီချင်းတို့ဖြင့် လူသိများခဲ့သည်။

ကမ္ဘာလှည့်ဖျော်ဖြေပွဲတွင် ဂျမ်းစ်ကိုတက်ခ်နှင့် ပါဝဲလ်မက်ဝိုဒါတို့နှင့်အတူ အချိန်ကြာ လက်တွဲလာသော အဖွဲ့ဝင်များဖြစ်သည့် ကလော့စ်မိုင်နာ ၊ ရူဒေါ့ဖ်ရှန်ကာနှင့် မက်သာရက်စ်ဂျပ်တို့ လည်း ပါဝင်ဖျော်ဖြေမည် ဖြစ်သည်။

ကြိုတင်လက်မှတ်များကို ဇူလိုင် ၂ ရက်တွင် ရောင်းချသွားမည်ဖြစ်ပြီး ခုံမဲ့ လက်မှတ်တစ်စောင် လျှင် စင်္ကာပူဒေါ်လာ ၁၅၈ ဒေါ်လာဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ လက်မှတ်များကို ဇူလိုင်လေး ရက်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး စကာၤပူဒေါ်လာ ၁၆၈ ဒေါ်လာ ၊ စင်္ကာပူဒေါ်လာ ၁၅၈ ဒေါ်လာ ၊ စင်္ကာပူဒေါ်လာ ၁၄၈ ဒေါ်လာ ၊ စကာၤပူဒေါ်လာ ၁၂၈ ဒေါ်လာ ၊ စင်္ကာပူဒေါ်လာ ၁၀၈ ဒေါ်လာနှင့် စင်္ကာပူဒေါ်လာ ၉၈ ဒေါ်လာ အသီးသီး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly