ပြည်တွင်း ဒရမ်မာဇာတ်ကားများတွင် ထိပ်ဆုံးမှ ရပ်တည်နေတဲ့ “Doctors” ဇာတ်ကား

ပြည်တွင်း ဒရမ်မာဇာတ်ကားများတွင် ထိပ်ဆုံးမှ ရပ်တည်နေတဲ့ “Doctors” ဇာတ်ကား

ဆိုးလ်၊ ဇွန် ၂၃ ။                   ။SBS ရုပ်သံ၏ ဒရမ်မာဇာတ်လမ်းတွဲသစ် “Doctors” ဇာတ်ကားသည် ကိုရီးယားနိုင်ငံ၏ အဓိ က ရုပ်မြင်သံကြားဌာန သုံးခု၏ တနလာၤနေ့က ထုတ်လွှင့်ပြသခဲ့သည့် ဒရမ်မာဇာတ်လမ်းတွဲများတွင် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း အချက်အလက်များက ပြသနေသည်ဟု ဇွန် ၂၂ ရက်က ထုတ်ပြန် သည်။

ဆေးဘက်ဆိုင်ရာ အကြောင်းပေါ် အဓိကထားရိုက်ကူးထားသော အချစ်ဇာတ်လမ်းတွဲတွင် မင်းသမီး ပက်ခ်ရှင်ဟေး ၊ မင်းသား ကင်ရေးဝမ်တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး နိုင်ငံတစ်ဝန်း ကြည့်ရှုသူ ရာခိုင်နှုန်းသည် ၁၄ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်း ပြည်တွင်းသုတေသန နခ်ဆန်ကိုရီယား မှ ရရှိသော အချက်အလက်များတွင် ဖော်ပြထားသည်။ တနလာၤနေ့က ပွဲဦးထွက် ထုတ်လွှင့်ပြသခဲ့ သော “Doctors” ဇာတ်လမ်းတွဲသည်  ပြည်တွင် ဒရမ်မာဇာတ်ကားများတွင် နှစ်ရက်ကြာ ထိပ်ဆုံးနေ ရာမှ ရပ်တည်လျက်ရှိသည်။

MBC ရုပ်သံ၏ “ Monster” ဇာတ်လမ်းတွဲသည် ကြည့်ရှုသူ ၁၁ဒသမ၁ ရာခိုင်နှုန်းဖြင့် ဒုတိယ နေရာတွင် ရပ်တည်နေပြီး  KBS 2 TV ၏ ဆေးဘက်ဆိုင်ရာ ဒရမ်မာဇာတ်လမ်းတွဲ “Beautiful Mind” သည် ကြည့်ရှုသူ ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly