အွန်လိုင်းမူပိုင်ခွင့် ဥပဒေပြင်ဆင်ရေးဆွဲရေး လျှောက်ထားသော အဖွဲ့အတွင်းသို့ ပူးပေါင်း ပါ၀င်ခဲ့တဲ့ တေလာဆွစ်ဖ်

အွန်လိုင်းမူပိုင်ခွင့် ဥပဒေပြင်ဆင်ရေးဆွဲရေး လျှောက်ထားသော အဖွဲ့အတွင်းသို့ ပူးပေါင်း ပါ၀င်ခဲ့တဲ့ တေလာဆွစ်ဖ်

နယူးယော့ခ်၊ ဇွန် ၂၂ ။           ။ ပေါ့ကြယ်ပွင့် တေလာဆွစ်ဖ်၊ U2 နှင့် ဆာပူလ်မက်ကာနေးတို့ အပါအဝင် တေးဂီတပညာ ရှင်များသည် အွန်လိုင်းမူပိုင်ခွင့် ဥပဒေများကို ပြန်လည်ပြင်ဆင်ရေးဆွဲပေးရေး   တောင်းဆိုခဲ့ကြသည်။

အနုပညာရှင် ၁၈၀ ကျော်သည် ဒစ်ဂျစ်တယ်ထောင်စုနှစ်မူပိုင်ခွင့် အက်ဥပဒေ ( DMCA )ကို ပြစ်တင်ရှုတ်ချသည့် အိတ်ဖွင့်ပေးစာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ ဥပဒေသည် ကုမ္ပဏီ များကို ၎င်းတို့၏ ငွေကြေးဆိုင်ရာ အကျိုးစီးပွားအတွက် တေးသီချင်းများကို အမြတ်ထုတ်ခွင့်ပေးထား သော်လည်း အနုပညာရှင်များအတွက် အခွင့်ရေး ပေးထားခြင်းမရှိကြောင်း အိတ်ဖွင့်ပေးစာတွင် ပြောကြားထားသည်။

You Tube ကဲ့သို့သော ဆိုဒ်များ ငွေကြေးများကို ပိုမိုရရှိရန်အတွက် တေးဂီတလောကသည် ထိခိုက်နစ်နာမှုများရှိနေကြောင်း စာနယ်ဇင်းသမားတစ်ဦးက ပြောကြားသည်။တေးသီချင်းကို နားဆင် သူများ များပြားလာသော်လည်း သီချင်းရေးဆရာများ နှင့်ဂီတအနုပညာရှင်များ ရရှိသောဝင်ငွေသည် ကျဆင်းလျက်ရှိကြောင်း အိတ်ဖွင့်ပေးစာတွင် ပြောကြားထားသည်။

အမေရိကတွင် စီဒီရောင်းချရမှုများသည် ၁၉၉၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ မှ ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ဒသမ ၅ ဘီလျံအထိ ကျင်ဆင်းနေကြောင်း အမေရိက အသံသွင်းလုပ်ငန်း စတူဒီ ( RIAA)မှ ရရှိသော ကိန်းဂဏန်းများက ဖော်ပြထားသည်။

အဆိုပါအိတ်ဖွင့်ပေးစာကို  ချာ၊ လေဒီဂါဂါ ၊ အန်ဂယ်ဘက်ဟမ်ဘာဒင်ခ်၊ ဘစ်တနီစပီးယား နှင့် ဆာအယ်လ်တန်ဂျွန်တို့အပါအဝင် အဓိကတေးသံသွင်းကုမ္ပဏီများနှင့် အဆိုတော်များက လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly