S Club 7 ကြယ်ပွင့်ဟောင်း တီနာဘာရက် သားဦးလေး မွေးဖွား

S Club 7 ကြယ်ပွင့်ဟောင်း တီနာဘာရက် သားဦးလေး မွေးဖွား

လန်ဒန် ၊ ဇွန် ၂၂ ။           ။ ဗြိတိန် ပေါ့အဆိုတော်အဖွဲ့ S Club 7 အဖွဲ့ဝင်ဟောင်း တီနာဘာရက်နှင့် ပေါလ်ကက်ရှ်မိုးတို့ ဇနီးမောင်နှံသည် သားဦးလေး မွေးဖွားခဲ့ကြောင်းနှင့် ၎င်းတို့ ကလေး၏ နာမည်ကို ရိုမန်ဟု နာမည် ပေးခဲ့ကြောင်း လူမှုရေးမီဒီယာတွင် ဖော်ပြခဲ့သည်။

“အရမ်းကို ချစ်စရာကောင်းတဲ့ သား ရိုမန် ကျွန်မရဲ့ဘဝထဲကို ရောက်လာတာကို ကြေညာရ တာ စိတ်လှုပ်ရှား ဂုဏ်ယူမိပါတယ်” ဟု တီနာဘာရက်က လူမှုရေးမီဒီယာတွင် ရေးသားခဲ့သည်။ အသက် ၃၉ နှစ်အရွယ်ရှိ တီနာဘာရက်က ကျွန်မ မိခင်တစ်ယောက်ဖြစ်ဖို့ အရမ်းကို မျှော်လင့်စောင့် စားနေကြောင်းနှင့် ကိုယ်ဝန်မှာလည်း ကောင်းမွန်သော တိုးတတ်မှုရှိသော်လည်း အသက်အရွယ် ကြောင့် စိုးရမ်မိကြောင်း ယခင်က ပြောကြားခဲ့သည်။

“အရမ်းကို အံ့သြဖို့ ကောင်းပါတယ်။ ကျွန်မကြားဖူးတဲ့ အကြောင်းအရာတွေကြောင့် အဆိုးဆုံး အထိ ကျွန်မ ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ အရမ်းကို ကံကောင်းတယ်လို့ ခံစားမိတယ်” ဟု ကိုယ်ဝန် ဆောင်ခြင်းနှင့် ပတ်သက်၍ တီနာဘာရက်က မေးအွန်လိုင်းကို ယခင်က ပြောကြားခဲ့သည်။

ဘာရက်သည် ၁၉၉၀ ပြည့်နှစ်အစောပိုင်းနှင့် နှောင်းပိုင်းကာလက S Club 7 အဖွဲ့ဝင်တစ်ဦး အဖြစ် ဗြိတိန်ထိပ်တန်း တစ်ကိုယ်တော် တေးသီချင်းများတွင် နံပါတ် ၁၁ တွင် ပါဝင်ခဲ့ပြီး အောင်မြင် ကျော်ကြားသော တေးအယ်လ်ဘမ် သုံးခုတွင်လည်း ပါဝင်ခဲ့သည်။

ဘာရက်သည် ၂၀၁၂ ခုနှစ်က ခင်ပွန်းဖြစ်သူ ပေါလ်ကက်ရှ်မိုးနှင့် “The Clapping Song” တေးဂီတ ဗီဒီယို ရိုက်ကူးမှုတွေ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ပေါလ်ကက်ရှ်မိုးသည် ၎င်းပထမဆုံး ဒိတ်လုပ်သည့် အမျိုးသားဖြစ်ပြီး ပေါလ်နှင့် ကလေးများရရှိရန် ဆန္ဒရှိကြောင်း  ဘာရက်က ပြောကြား ခဲ့ဖူးသည်။

တီနာဘာရက်သည်  S Club 7 အမျိုးသမီးအဖွဲ့ဝင်လေးဦးအနက် မိခင်ဖြစ်လာသည့် တတိယ မြောက် အဖွဲ့ဝင်ဖြစ်သည်။ အဖွဲ့ဝင် Jo O’Meara သည် ၂၀၀၈ ခုနှစ်က သားယောင်္ကျားလေး မွေးဖွား ခဲ့ပြီး အဖွဲ့ဝင် ရစ်ချဲလ်စတီဗင်သည် ၂၀၁၀ ခုနှစ် နှင့် ၂၀၁၄ ခုနှစ်က သမီးမိန်းကလေး နှစ်ယောက် မွေးဖွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags