အိတ်ချ်အိုင်ဗွီပိုးရှိတာနဲ့ သတ်သက်လို့ ပါတနာများကို ပြောကြားခဲ့ခြင်း မရှိဟု ၀န်ခံ ပြောကြားလာတဲ့ မင်းသားကြီး ချာလီ ရှင်း

အိတ်ချ်အိုင်ဗွီပိုးရှိတာနဲ့ သတ်သက်လို့ ပါတနာများကို ပြောကြားခဲ့ခြင်း မရှိဟု ၀န်ခံ ပြောကြားလာတဲ့ မင်းသားကြီး ချာလီ ရှင်း

နယူးယော့ခ်၊ ဇွန် ၂၂ ။          ။ ဟောလီးဝုဒ်မင်းသားကြီး ချာလီရှင်းသည် ၎င်းတွင် အိတ်ချ်အိုင်ဗွီပိုး ရှိနေကြောင်း ဝန်ခံပြော ကြားပြီးနောက် များစွာသော တရားစွဲဆိုမှုများနှင့် ရင်ဆိုင်နေရသော်လည်း မည်သည့်ပါတနာကိုမျှ ရောဂါပိုး ကူးစက်အောင် လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အခိုင်မာ ပြောကြားထားသည်။

“သူ့နေရာနဲ့သူ ကာကွယ်မှုတွေ အမြဲတစေ လုပ်ဆောင်ခဲ့ပါတယ်” ဟု အသက် ၅၀ နှစ်အရွယ် ချာလီရှင်းက ဇွန်၂၁ ရက်မနက်ပိုင်းက ပြုလုပ်သော Today show အစီစဉ် တွေ့ဆုံမေးမြန်းမှုတွင်   ပြောကြားခဲ့သည်။ ချာလီရှင်းက ကျန်းမာရေးအခြေနေနှင့် စပ်လျဉ်း၍ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ အားလုံးကို အသိပေးခဲ့ခြင်း မရှိကြောင်းလည်း ဝန်ခံပြောကြားခဲ့သည်။

 “ကျွန်တော် အိတ်ချ်အိုင်ဗွီရောဂါပိုး ကူးစက်ခံရတာကြောင့် လူအများအပြားရဲ့ ငွေညှစ်မှုတွေ ခံခဲ့ရတယ်။ ပြည့်တန်ဆာတစ်ယောက်က ကျွန်တော့်ရဲ့(ARVs) ဆေးဝါးဓာတ်ပုံတွေကို လူပြိန်းကြိုက် သတင်းစာကို ရောင်းချမယ်လို့ ခြိမ်းခြောက်မှုတွေလည်း ကြုံတွေခဲ့ရတယ်” ဟု ချာလီရှင်းက ပြောကြားခဲ့သည်။

ကျွန်တော်မှာ အိတ်ချ်အိုင်ဗွီရောဂါရှိကြောင်း ဝန်ခံပြောကြားပြီးနောက် လူများသည် ၎င်းအပေါ် အမြတ်ထုတ်မှုများ ဆက်လက် လုပ်ဆောင်မှုများရှိကြောင်း ချာလီရှင်းက  ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly