ကောင်စီ ဘတ်ဂျတ်ဖြင့် ခင်းထားသည့် ကတ္တရာလမ်းများ တစ်နှစ်ခွဲအကြာတွင် ဆိုးရွားစွာ ပျက်စီး

ကောင်စီ ဘတ်ဂျတ်ဖြင့် ခင်းထားသည့် ကတ္တရာလမ်းများ တစ်နှစ်ခွဲအကြာတွင် ဆိုးရွားစွာ ပျက်စီး
ဓာတ်ပုံ-နေသာ

 နေပြည်တော် ဇွန်၂၁ ။         ။ ပြီးခဲ့သည့် ၂၀၁၄/၁၅ ဘတ်ဂျတ်နှစ်တွင် နေပြည်တော်ကောင်စီရံပုံငွေဖြင့် နေပြည်တော် ကောင်စီဝင် ဦးသန်းဌေး စီစဉ်ကြီးကြပ်၍ ဖောက်လုပ်ခဲ့သည့် ပုဗ္ဗသီရီမြို့နယ်ရှိ ကတ္တရာလမ်းများ ဆိုးရွားစွာ ပျက်စီးမှုဖြစ်ပေါ်နေသည်။

ပုဗ္ဗသီရီမြို့နယ်တွင် သံလွင်လမ်းမှ ကျေးရွာများသို့အဝင်လမ်း ၊ ရွာချင်းဆက်လမ်း ၊ ပုဗ္ဗသီရီ တပ်ကုန်း အမှတ် (၃) လမ်း မှ ကျေးရွာများသို့အဝင်လမ်း ရွာချင်းဆက်လမ်းများကို   နေပြည်တော်ကောင်စီဝင် ပုဗ္ဗသီရီမြို့နယ်တာဝန်ခံ ဦးသန်းဌေး စီစဉ် ကြီးကြပ်၍ ၂၀၁၄/၁၅ ဘတ်ဂျတ် နှစ်တွင် ကတ္တရာလမ်းများခင်းခဲ့ခြင်းဖြစ်သည်။

" လမ်းတွေက တော်တော်ကို ဆိုးဆိုးဝါးဝါး ပျက်စီးကုန်တာ နေပြည်တော်ကောင်စီကို တင်ပြဖို့ဆောင်ရွက်နေတယ် " ဟု အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်ဆွေကပြောသည်။

ကတ္တရာလမ်းများကို လမ်းများကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကာ ဖွင့်လှစ်ပြီး လေလးလခန့်အ ကြာ မှ စတင်၍ ပျက်စီးမှုဖြစ်ပေါ်ခြင်းဖြစ်ကြောင်း ပုဗ္ဗသီရီ မြို့ နယ်ရှိ ကံသာ ၊ သူဌေးကုန်း ၊ ပုဇွန်ဆိတ် ၊ ကန်ဇွန်းအင်း ၊ ကျောက်စရစ်ကုန်း နှင့် ဇလုတ်ကြီး ကျေးရွာ လေးရွာခန့်မှ ဒေသခံများကပြောသည်။

"ရွာအဝင် လမ်းခင်းထားတာ ရွာအဝင် ကတ္တရာလမ်းခင်းတယ် ပေ ၃၇၀၀ ပေါ့ ရေပြွန်ကို ရွာကစရိတ်နဲ့ လုပ်ရတယ် လမ်းခင်းပြီးသုံးလေးလ နေတော့ ပျက်ကုန်တာပဲ " ဟု ပုဗ္ဗသီရီမြို့နယ် သူဌေးကုန်းကျေးရွာ မှ ဒေသခံများကပြောသည်။

" ၂၀၁၄/၁၅ ဘတ်ဂျတ်မှာ ဝန်ကြီးဌာန နှင့် ဦးစီးဌာနများမှ တာဝန်ယူဆောင်ရွက်ရမည့် စီမံကိန်းများ ထဲမှာ ဒီလမ်းတွေခင်းတာပါလာတယ် ပုဗ္ဗသီရီမြို့နယ်ထဲမှာ တည်နေရာမဖော်ပြပဲ လမ်းတိုတွေ ခင်းတာပေါ့ ကျေးရွာချင်းဆက်လမ်းတွေ ၊ ရွာအဝင်လမ်းတွေ ကို ခင်းဖို့ဆိုပြီး အဲ့ဒီ စီမံကိန်များဆောင်ရွက်ရန် ဆိုတဲ့စာအုပ်ထဲမှာ ၁၆၅၄၆.၄၀၀ ကျပ်သန်းသုံးစွဲထားတာတွေ့ရတယ် " ဟု ပုဗ္ဗသီရီ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ကို အကူအညီပေးနေသည့် ဦးထွန်းဝင်းကပြောသည်။

ပုဗ္ဗသီရီမြို့နယ်တွင် ၂၀၁၄/၁၅ ဘတ်ဂျတ်နှစ်တွင် ကတ္တရာလမ်း နှင့် ကျောက်ချောလမ်းခင်းရန် ၆၃.၆၄ မိုင် အတွက်  ၁၆၅၄၆.၄၀၀ ကျပ်သန်းပေါင်း သုံးစွဲခဲ့သည်ကိုတွေ့ရပြီး ၂၀၁၄/၁၅ ခုနှစ် ဝန်ကြီးဌာန နှင့် ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် စီမံကိန်းများတွင် ယခုပျက်စီးနေသည့် လမ်းများဆောင်ရွက်ရန် ဖော်ပြထားပြီး အဆိုပါလမ်းများကို ယခင်အစိုးရလက်ထက်   နေပြည်တော်ကောင်စီဝင် ဦးသန်းဌေး က စီစဉ်ကြီးကြပ်ကာဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း လမ်းဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် စိုက်ထူထားသည့် ကျောက်တိုင် ဆိုင်းဘုတ်တွင်ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly