Atlantic Records UK တေးထုတ်လုပ်ရေး ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့တဲ့ ရီတာအိုရာ

Atlantic Records UK တေးထုတ်လုပ်ရေး ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့တဲ့ ရီတာအိုရာ

နယူးယော့ခ်၊ ဇွန် ၂၁ ။       ။ ဗြိတိန်အဆိုတော် ရီတာအိုရာသည် ဇွန် ၂၀ရက်က  Atlantic Records UK တေးထုတ်လုပ် ရေးကုမ္ပဏီနှင့် ကမ္ဘာအနှံ တေးသံသွင်းမှုဆိုင်ရာ စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ရီတာအိုရာသည် ဇွန် ၈ ရက်က Roc Nation တေးထုတ်လုပ်ရေးကုမ္ပဏီနှင့် လက်တွဲဖြုတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး နောက် သီတင်းနှစ်ပတ်အကြာတွင် Atlantic Records UK နှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

“ရီတာအိုရာဟာ တေးဂီတနဲ့ ပတ်သက်လို့ အရမ်းကို ထူးချွန်တဲ့ အဆိုတော်တစ်ဦး ဖြစ်တယ်။ သူမ Atlantic Records နဲ့ လက်တွဲခဲ့တဲ့အတွက် ကျွန်တော် အရမ်းကို ဝမ်းသာမိပါတယ်။ ကျွန်တော် တို့ သူမနှင့်အတူ စတူဒီမှာ ရှေ့ဆက်ပြီ လုပ်ဆောင်သွားမှာပါ။ တေးအယ်လ်ဘမ်တစ်ခုလည်း ထုတ်လုပ်သွားမှာပါ ”ဟု  Atlantic Records UK ဥက္ကဋ္ဌ ဘန်ကွတ်ခ်က ပြောကြားခဲ့သည်။

အိုရာသည် ၂၀၁၂ ခုနှစ်က ပွဲဦးထွက် တေးအယ်လ်ဘမ် ထွက်ရှိပြီးခဲ့သည့် အချိန်မှစ၍ တေးအယ်လ်ဘမ်သစ် ထွက်ရှိခဲ့ခြင်း မရှိသေးပေ။

“တေးဂီတဟာ ကျွန်မရဲ့ ပထမဆုံးအချစ်ပါ။ ကျွန်မ တေးသီချင်းသစ်တွေ ထွက်ရှိနိုင်အောင် လုပ်ဆောင်သွားမှာပါ။ Atlantic Records မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မကို ထောက်ပံ့ မှုတွေနဲ့ စိတ်အားထက်သန်မှုတွေ ပေးတဲ့အတွက်ပါ။ နောက်ထပ်ကဏ္ဍသစ်ကို ထူးခြားဆန်းကြယ်မှု တွေနဲ့ ပြုလုပ်သွားမှာပါ” ဟု ရီတာက အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

ရီတာသည် ယခုနှစ်နှောင်းပိုင်းတွင် ထွက်ရန် စီစဉ်ထားသည့် တေးအယ်လ်ဘမ်သစ်ကို စတူဒီယိုတွင် မကြာမီ လုပ်ဆောင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly