အိမ်ခြံမြေဘုရင်မအဖြစ် သတ်မှတ်ခံရတဲ့ ဆောင်းဟေဂျို (အွန်စော)

အိမ်ခြံမြေဘုရင်မအဖြစ် သတ်မှတ်ခံရတဲ့ ဆောင်းဟေဂျို (အွန်စော)

ဆိုးလ်၊ ဇွန် ၂၁ ။          ။ တောင်ကိုရီးယား မင်းသမီး ဆောင်းဟေဂျို (အွန်စော) ကို tvN ရုပ်မြင်သံကြား၏ ဇွန် ၂၀ ရက်က ထုတ်လွှင့်ပြသခဲ့သော “The List 2016” အစီစဉ်တွင် အိမ်ခြံမြေ ဘုရင်မတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

အစီစဉ်နောက်ဆုံးအပိုင်းတွင် ဆောင်းဟေဂျိုသည် ပြည်ပတွင် မြေယာနှင့် အဆောက်အ အုံများ ရင်နှီးမြှပ်နှံမှု ပြုလုပ်နေသော ကိုရီးယားအနုပညာရှင်များအားလုံးတွင် နံပါတ် ၉ အဆင့် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ဆောင်းဟေဂျိုသည် ၂၀၀၈ ခုနှစ်က “Make Yourself at Home” အမေရိကန် ရုပ်ရှင်ကားကို ရိုက်ကူးစဉ် နယူးယော့ခ်မြို့တွင် အိမ်တစ်လုံး ဝယ်ယူခဲ့သည်။

ကွန်ဒိုတိုက်ခန်းကို အမေရိကန်ဒေါ်လာ ၁ဒသမ ၇သန်းဖြင့် ဝယ်ယူခဲ့သော်လည်း ယခုအခါ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်း တန်ကြေးရှိနေပြီ ဖြစ်သည်။ သို့သော် ယင်းသည် ဆောင်းဟေ ဂျို၏ ပိုင်ဆိုင်မှုတစ်ခုမျှသာဖြစ်ပြီး ဝမ်ငွေ ၈ဒသမ၅ ဘီလျံ ( အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၅ သန်း) တန်ကြေးရှိသော အိမ်ကြီးရခိုင်လည်း ပိုင်ဆိုင်သည့်အပြင် ဝမ်ငွေ ၉ ဘီလျံတန်ကြေးရှိသော အိမ်ကြီး ရခိုင်ကိုလည်း ပိုင်ဆိုင်ထားသည်။

အဆိုပါစာရင်းတွင် လီဆိုမန်၊ ဟန်ရီဆူးလ်နှင့် ဟန်ဂျီဟေးတို့လည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly