ယုံကြည်မှု မရှိတော့သည့်အတွက် ဘတ်စကတ်ဘောကစားသမား နစ်ခ်ယောင်နဲ့ လမ်းခွဲလိုက်ပြီလို့ ပြောကြားလာတဲ့ အစ်ဂီအဇေးလီယား

ယုံကြည်မှု မရှိတော့သည့်အတွက် ဘတ်စကတ်ဘောကစားသမား နစ်ခ်ယောင်နဲ့ လမ်းခွဲလိုက်ပြီလို့ ပြောကြားလာတဲ့ အစ်ဂီအဇေးလီယား

ရက်ပ်အဆိုတော် အစ်ဂီအဇေးလီယားနှင့် ဘတ်စကတ်ဘောကစားသမား နစ်ခ်ယောင်တို့ ချစ်သူနှစ်ဦးသည် နှစ်နှစ်ကျော်ကြာ တွဲပြီးနောက် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုနှစ် အစောပိုင်းက လိမ်လည်လှည့်စားမှု ကောလဟာလများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် အစ်ဂီအဇေးလီယားသည် ဇွန်၁ ၉ ရက်က အင်စတာဂရမ်ပေါ်တွင် ၎င်းတို့နှစ်ဦး လမ်းခွဲလိုက်ပြီဟူ သော သတင်းကို ကြေညာခဲ့ခြင်း ဖြစ်သည်။

“ကျွန်မ နစ်ခ်ကို ချစ်ပါတယ်။ ဒါပေမဲ့ သူ့အပေါ် ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်ဖို့ ဆိုတာ အရမ်းကို ပင်ပန်းလှပါတယ်။ ကျွန်မ သူ့ကို ယုံကြည်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ နစ်ခ် အကောင်းဆုံး ဖြစ်ပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်။ အနာဂတ်အတွက် ကိုယ်ရည်ရွယ်ထားတဲ့ သူတစ်ယောက်ကို စွန့်လွှတ်ဖို့ဆိုတာ လွယ်တော့ မလွယ်ကူပါဘူး။ ဒါပေမဲ့ အနာဂတ်ဆိုတာ ပြန်ပြီး ရေးဆွဲလို့ ရနိုင်ပါတယ်။ ဒီနေ့မှာတော့ ကျွန်မရဲ့စိတ်တွေဟာ အနက်ရောင်စာရွက်တစ်ရွက် ဖြစ်နေ ပါတယ်”ဟု အစ်ဂီအဇေးလီယားက အင်စတာဂရမ်တွင် ရေးသားခဲ့သည်။

မိနစ်အနည်းငယ်အကြာတွင် နစ်ခ်က ၎င်း၏ တွစ်တာအကောင့်ပေါ်တွင် “တစ်ယောက်တည်း” ဟူသော စာသားကို ရေးသားကာ အဆိုပါသတင်းကို အတည်ပြုပေးခဲ့သည်။ နစ်ခ်သည် မတ်လက ဆယ်ကျော်သက်အရွယ်တစ်ဦးနှင့် ဖောက်ပြားနေသည့် အကြောင်းကို အသင်းဖော် ဒီအန်ဂျဲလိုရက် ဆဲလ်ကို ပြောကြားခဲ့သည့် ဗီဒီယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး၏ အချစ်ရေးကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အစ်ဂီက ၎င်းနှင့် နစ်ခ်တို့သည် မင်္ဂလာပွဲကို တွန်းအားပေးလုပ်ဆောင်နေကြောင်း ထုတ်ဖော် ကြေညာခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာ အဆိုပါ ဗီဒီယိုဖိုင် ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

အစ်ဂီအဇေးလီယားနှင့် နစ်ခ်ယောင်တို့သည် ၂၀၁၄ ခုနှစ်က စတင် တွဲခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်က စေ့စပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly