ဂျက်ကီချန်း၏ အင်တာတိန်းမန့် အေဂျင်စီနဲ့ လက်မှတ်ထိုးလိုက်တဲ့ ခရစ်

ဂျက်ကီချန်း၏ အင်တာတိန်းမန့် အေဂျင်စီနဲ့ လက်မှတ်ထိုးလိုက်တဲ့ ခရစ်

ဆိုးလ်၊ ဇွန် ၁၇ ။          ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ EXO အဖွဲ့ဝင်ဟောင်း ခရစ်သည် ဂျက်ကီချန်း၏ အေဂျင်စီနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျက်ကီချန်းက ခရစ်သည် ရှန်ဟိုင်းရုပ်ရှင်ပွဲတော် အက်ရှင်ရုပ်ရှင်ပွဲတွင် ၎င်း၏ အေဂျင်စီနှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ချက်ကီချန်းက ပြောကြားခဲ့သည်ဟု တရုတ်မီဒီယာတစ်ခုဖြစ် သော Sina ကဇွန် ၁၆ရက်တွင် သတင်းထုတ်ပြန်သည်။ဂျက်ကီချန်းကို မကြာသေးမီက ပေါ်ပေါက်ခဲ့ သော ခရစ်၏ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံအကြောင်းကို မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

“လူတိုင်းမှာ မကောင်းတဲ့ သတင်းတွေရှိတယ်။ ကျွန်တော့မှာလည်း မကောင်းတဲ့ သတင်းတွေ ရှိတယ်။ သတင်းဆိုတာ အမြဲတမ်း ပြောပလောက်အောင် ထိခိုက်မှုမရှိဘဲ ပြီးဆုံးသွားတာပါပဲ”ဟု ဂျက်ကီချန်းက ပြန်လည်ဖြေကြားခဲ့သည်။ ”ခင်ဗျားရော ခရစ်ကို မကျေမချမ်းဖြစ်စရာ မရှိဘူးမလား” ဟု ဂျက်ကီးချန်းကို မေးမြန်းခဲ့ရာ ဂျက်ကီချန်းက“ မရှိပါဘူး။ သူဟာအရမ်းကို အေးဆေး တည်ငြိမ်တဲ့ သူတစ်ယောက်ပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags