ကနေဒါဖျော်ဖြေပွဲတွင် စင်ပေါ်မှ ပြုတ်ကျခဲ့တဲ့ အမေရိကန် ရော့ခ်အဆိုတော် မီလော့ဖ်

ကနေဒါဖျော်ဖြေပွဲတွင် စင်ပေါ်မှ ပြုတ်ကျခဲ့တဲ့ အမေရိကန် ရော့ခ်အဆိုတော် မီလော့ဖ်

နယူးယောခ့်၊ ဇွန် ၁၇ ။              ။ အမေရိကန် ရော့ခ်ကြယ်ပွင့် မီလော့ဖ်သည် ကနေဒါနိုင်ငံတွင် ဇွန် ၁၆ ရက်က ကျင်းပပြု လုပ်သော ဖျော်ဖြေပွဲတွင် စတိတ်စင်ပေါ်မှ ပြုတ်ကျခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကနေဒါနိုင်ငံ အက်ဒ်မွန်တန်မြို့တွင် ကျင်းပပြုလုပ်သော ဖျော်ဖြေပွဲကို ရိုက်ကူးထားသည့် ဗီဒိယိုဖိုင်တွင် မီလော့ဖ်သည် “I’d Do Anything for Love” ဖျော်ဖြေတင်ဆက်နေစဉ်  စင်ပေါ်မှ ပြုတ်ကျခဲ့သည်ကို တွေ့ရှိခဲ့သည်။

အက်ဒ်မွန်တန် ရဲတပ်ဖွဲ့က ဆေးဘက်ဆိုင်ရာ ခေါ်ဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ သည်ဟု CBC သတင်းဌာနက သတင်းထုတ်ပြန်သည်။

အသက် ၆၈ နှစ်အရွယ်ရှိ အဆိုတော် မီလော့ဖ်သည် “Bat Out of Hell” နှင့် “I’d Do Anything For Love( But I Won’t Do That)” အပါအဝင် နာမည်ကျော်ကြားသော တေးသီချင်းများ ဖြင့် တစ်ချိန်လုံး အောင်မြင်နေသော အဆိုတော်တစ်ဦး ဖြစ်သည်။

မီလော့ဖ်၏ လဲကျမှုသည် ဖျော်ဖြေတင်ဆက်မှု၏ အစိတ်ပိုင်းတစ်ခုဖြစ်သည်ဟု ကနဦးက ယူဆထားကြောင်း ပရိတ်သတ်များက ပြောကြားခဲ့သည်ဟု Edmonton Journal သတင်းစာတွင်   ဖော်ပြထားသည်။မီလော့ဖ်သည် စင်ပေါ်မှပြုတ်ကျခဲ့ပြီး  အရေးပေါ်ကားပေါ်တင်ဆောင်သွားသည်ကို ဖျော်ဖြေပွဲကျင်းပရာ ပြင်ပတွင် မြင်တွေ့ခဲ့ရပြီးနောက်မကြာမီ အက်ဒ်မွန်တန်မြို့ရှိ Northern Jubilee ခန်းမတွင် လူများ ရှင်းလင်းသွားခဲ့သည်။

မီလော့ဖ်သည် နေမကောင်းဖြစ်ခြင်းကြောင့် ယခုသီတင်းပတ် အစောပိုင်းက  မိုစီဂျောမြို့နှင့် ကာလ်ဂရေးမြို့တို့တွင် ကျင်းပပြုလုပ်မည့် ဖျော်ဖြေပွဲများကို ဖျက်သိမ်းခဲ့ကြောင်း CBC သတင်းဌာနက ပြောကြားသည်။

မီလော့ဖ်၏ “ Bat Out of Hell” တေးအယ်လ်ဘမ်သည် ကမ္ဘာတစ်ဝှမ်းတွင် အချပ်ရေ ၄၃ သန်းကျော် ရောင်းချခဲ့ပြီး ထွက်ရှိခဲ့ပြီးနောက်ပိုင်း နှစ်လေးဆယ်ခန့်အကြာ နှစ်စဉ် ခန့်မှန်းခြေအားဖြင့် အချပ်ရေ ၂၀၀ ၀၀၀ ဆက်လက် ရောင်းချနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly