သားသမီးအရင်းအချာများနှင့် မွေးစားသားသမီးများ ဘာသာစကား ခုနစ်မျိုး သင်ကြားလျက်ရှိကြောင်း အိန်ဂျလီနာဂျိုလီ ဖွင့်ဟ

သားသမီးအရင်းအချာများနှင့် မွေးစားသားသမီးများ ဘာသာစကား ခုနစ်မျိုး သင်ကြားလျက်ရှိကြောင်း အိန်ဂျလီနာဂျိုလီ ဖွင့်ဟ

နယူးယော့ခ်၊ ဇွန် ၁၇ ။          ။ ကမ္ဘာကျော်မင်းသမီး အိန်ဂျလီနာဂျိုလီသည် ယခုအခါ သားသမီးအရင်းအချာများနှင့် မွေးစား သားသမီးများသည် ဘာသာစကားခုနှစ်မျိုးကို သင်ကြားလျက်ရှိကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၄၁ နှစ်အရွယ်ရှိ မင်းသမီး အိန်ဂျလီနာဂျိုသည် ဘရက်ပစ်နှင့် ရရှိထားသော သားသ မီး သုံးယောက်ရှိပြီး ၎င်းတို့မှာ အသက် ၁၀ နှစ်အရွယ် ရှီလို့ရှ် ၊ အသက် ခုနစ်နှစ်အရွယ် အမြွှာနစ် ယောက် ဗီဗီအန်နှင့် နော့ဇ်တို့ဖြစ်ကာ ကမ္ဘောဒီယားမှ အသက် ၁၄ နှစ်အရွယ် မက်ဒေါ့ဇ် ၊ ဗီယက်နမ် နိုင်ငံမှ အသက် ၁၂ နှစ်အရွယ် ပက်ဇ်နှင့် အီသီယိုပီးယားနိုင်ငံမှ အသက် ၁၁ နှစ်အရွယ် ဇာဟာရာတို့ ကို မွေးစားထားသည်။

သားသမီးများသည် သရုပ်ဆောင်အလုပ်ကို စိတ်မဝင်စားကြသော်လည်း ဘာသာစကား သင်ကြားခြင်းကိုသာ ရွေးချယ်ခဲ့ကြောင်း ဂျိုလီက Radio 4’s Woamn’s Hour ကို ပြောကြားခဲ့သည်။

“ကျွန်မက သူတို့ ဘယ်ဘာသာစကားကို သင်ကြားချင်လို့လဲ သူတို့ကို မေးခဲ့တယ်။ ရှီက ကမ္ဘောဒီယား ဘာသာစကားဖြစ်တဲ့ ခမ်မာဘာသာစကားကို သင်ကြားနေတယ်။ ပက်ဇ်က ဗီယမ်နမ် စကားကို အဓိကထား သင်ကြားနေတယ်။ မက်ဒ်က ဂျာမန်နဲ့ ရုရှဘာသာစကားကို သင်ကြားနေတယ်။ ဇီက ပြင်သစ်ဘာသာစကားကို သင်ကြားနေတယ်။ ဗီဗီအန်က အာရေဘီယျစကားကို သင်ကြားနေ တယ်။ နော့ဇ်က လက်ဟန်ခြေဟန်ဘာသာစကားကို သင်ကြားနေတယ်”ဟု ဂျိုလီက ပြောကြားခဲ့ သည်။

သားသမီးများသည် ၎င်း၏ခြေရာကို လိုက်၍ သရုပ်ဆောင်လုပ်ရန် ဆန္ဒမရှိသော်လည်း ရုပ်ရှင် ရိုက်ကူးမှုလုပ်ငန်းကို စိတ်ဝင်စားလျက်ရှိကြောင်း ဂျိုလီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly