ဗြိတိန်မင်းသမီးကြီး ဒိမ်းဟဲလန် “Fast and Furious 8” တွင် ပါ၀င် သရုပ်ဆောင် သွားမည်

ဗြိတိန်မင်းသမီးကြီး ဒိမ်းဟဲလန် “Fast and Furious 8” တွင် ပါ၀င် သရုပ်ဆောင် သွားမည်

နယူးယော့ခ်၊ ဇွန် ၁၇ ။             ။ ဗြိတိန်မင်းသမီးကြီး ဒိမ်းဟဲလန်သည် “Fast and Furious” ဇာတ်ကား အပိုင်း ၈ တွင် ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကားကို ကိုယ်တိုင်မောင်းရန် ခွင့်ပြုထားသော ဇာတ်ကောင်စရိုက် ဖြစ်သည့်အတွက် သရုပ် ဆောင်ရန် လက်ခံခဲ့ခြင်းဖြစ်ကြောင်း ဒိမ်းဟဲလန်က Elle  မဂ္ဂဇင်းကို ပြောကြားခဲ့သည်။” ကျွန်မကို ကားမောင်းခွင့်ပြုပေးခဲ့တာ တစ်ခုတည်းနဲ့ ကျွန်မ သရုပ်ဆောင်ဖို့ လက်ခံခဲ့တာပါ” ဟု ဒိမ်းဟဲလန်က Elle မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

ဗင်ဒီဆဲလ် ၊ ချာလက်စ်သရွန်နှင့် ဂျေဆွန်စတေသမ်တို့သည်လည်း “Fast and Furious” ဇာတ်ကား အပိုင်း ၈ တွင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ပြီး  အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့၌ ၂၀၁၇ ခုနှစ် ဧပြီ ၁၄ ရက်တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

၂၀၀၁ ခုနှစ်က စတင်ခဲ့သော Fast and Furious ဇာတ်လမ်းတွဲများသည် ပြိုင်ကားများ ၊ ထူးခြားဆန်းကြယ်သော နေရာများနှင့် တရားလွန် အပြုအမူများကြောင့် အောင်မြင်မှုများ ရရှိခဲ့သည်။ “Fast and Furious 7” သည် ယနေ့အချိန်ထိ အအောင်မြင်ဆုံး ဇာတ်ကားဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ရရှိထားသည်။

“Fast and Furious 8 ဇာတ်ကားဟာ အရမ်းကို အံသြဖွယ်ကောင်းတဲ့ ကားတစ်ကားဖြစ် တယ်။ မတူကွဲပြားတဲ့ အရာတွေ အများကြီးရှိတယ်” ဟု ဒိမ်းဟဲလန်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly