ကမ်းခြေမှာ တွမ်ဟစ်ဒဲလ်စတန်နဲ့ အနမ်းခြွှေခဲ့တဲ့ တေလာဆွစ်ဖ်

ကမ်းခြေမှာ တွမ်ဟစ်ဒဲလ်စတန်နဲ့ အနမ်းခြွှေခဲ့တဲ့ တေလာဆွစ်ဖ်

နယူးယော့ခ်၊ ဇွန် ၁၆ ။          ။ ပေါ့ပ်ဘုရင်မ တေလာဆွစ်ဖ်နှင့် “Marvel villain Loki” ဇာတ်ကားဖြင့် ပရိသတ်အားပေးမှုကို ရရှိခဲ့သော မင်းသား တွမ်ဟစ်ဒဲလ်စတန်တို့နှစ်ဦး ကမ်းခြေတွင် အနမ်းခြွေနေသည့် ဓာတ်ပုံများနှင့် လက်ချင်းတွဲလျက် လမ်းလျှောက်နေသည့် ဓာတ်ပုံများကို The Sun သတင်းစာက ဖော်ပြခဲ့သည်။

တေလာဆွစ်ဖ်သည် ၎င်း၏ ကာလကြာရှည်တွဲလာသော ချစ်သူ ကာလ်ဗင်ဟာရစ်နှင့် လမ်းခွဲ ပြီးနောက် သီတင်းပတ်နှစ်ပတ်အကြာတွင် တေလာနှင့် တွမ်ဟဟ်ဒဲလ်စဆန်တို့နှစ်ဦး ကမ်းခြေတွင် အနမ်းခြွေနေသည့် ဓာတ်ပုံများနှင့် လက်ချင်းတွဲ လမ်းလျှောက်နေသည့် ဓာတ်ပုံများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

The Sun  သတင်းစာသည် အဆိုပါ ဓာတ်ပုံများကို ဇွန် ၁၅ ရက် ညနေ ၅ နာရီခန့်တွင် ၎င်းတို့ ၏ ဝက်ဆိုက်ဒ်တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး “WORLD EXCLUSIVE” ခေါင်းစဉ်ဖြင့် ဇွန် ၁၆ ရက်နေ့ထုတ် သတင်းစာ မျက်နှာဖုံးတွင်လည်း ဖော်ပြခဲ့သည်။

တေလာဆွစ်ဖ်နှင့် တွမ်ဟစ်ဒဲလ်စတန်တို့နှစ်ဦး၏ ဓာတ်ပုံများကို ဇွန် ၁၄ ရက် နေ့လည်က ရို့ဒ်ကျွန်း ဝပ်စတာလေးမြို့ရှိ ကမ်းခြေတွင် ရိုက်ယူခဲ့ခြင်းဖြစ်ကြောင်း The Sun  သတင်းစာက ပြောကြားသည်။ သို့ရာတွင် ဓာတ်ပုံဆရာနာမည် သို့မဟုတ် ဓာတ်ပုံများကို ဘယ်လိုရရှိသည်ဆိုသည့် အချက်အလက် အသေးစိတ်ကို ဖော်ပြထားခဲ့ခြင်း မရှိပေ။

အဆိုပါ ဓာတ်ပုံများကို The Image Direct ဟုခေါ်သော ဓာတ်ပုံအေဂျင်စီတစ်ခုက The Sun သတင်းစာကို ရောင်းချခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly