ဒေါ်အောင်ဆန်းစုကြည်၏ ရ၁နှစ်ပြည့်မွေးနေ့ ပုသိမ်တွင် ဆွမ်းဆန်စိမ်းလောင်လှူပွဲကျင်းပမည်

ဒေါ်အောင်ဆန်းစုကြည်၏ ရ၁နှစ်ပြည့်မွေးနေ့ ပုသိမ်တွင် ဆွမ်းဆန်စိမ်းလောင်လှူပွဲကျင်းပမည်
၂၀၁၄ ခုနှစ် မေလ ၂၇ ရက်က နေပြည်တော်တွင်ပြုလုပ်ကျင်းပသည့် ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးသည့်ပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြားသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ပုသိမ်၊ ဇွန် ၁၆ ။             ။ ဇွန် ၁၉ရက်တွင် ကျရောက်မည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၁နှစ်ပြည့် မွေးနေ့အတွက် ပုသိမ်မြို့နေ ပြည်သူများက ဝိသာခါဓမ္မာရုံတွင် သံဃာတော် နှင့် သီလရှင် အပါး၂၀၀၀ အား ဆွမ်းဆန်လောင်းပွဲကျင်းပပြုလုပ်မည်ဖြစ်သည်။

"အမေစုက တိုင်းပြည်အတွက်အစစအရာရာပေးဆပ်ပြီး ပြည်သူအတွက်ပဲလုပ်ဆောင်ပေးလာတာပါ။ အခု အမေစုမွေးနေ့မှာ ပုသိမ်မြို့သူမြို့သားတွေ ကုသိုလ်ပြုကြတာ။ အမေစု ကျန်းမာဖို့ရည်မှန်းလုပ်တာပါ" ဟု ဆွမ်းလောင်ပွဲဖြစ်မြောက်ရေးဦးဆောင်သူ ဦးစိုးမြင့်မောင်က မဇ္ဈိမသို့ ပြောသည်။

မွေးနေ့အထိမ်းအမှတ် ဆွမ်းဆန်လောင်းပွဲတွင် ဆန်၊ ဆီ၊ ကြက်သွန်၊ ဆပ်ပြာ၊ ခေါက်ဆွဲခြောက်၊ အာလူး၊ကော်ဖီမစ်၊ ဟင်းခတ်မှုန့်၊ သွားတိုက်ဆေးသွားတိုက်တံ၊ စတုမဓူတို့ လှူဒါန်းမည်ဖြစ်ပြီး၊ ညနေပိုင်းတွင် စတုဒီသာ ကျွေးမွေးမည်ဖြစ်သည်။

ယင်းအပြင် ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်တွင်မူ သစ်ပင်စိုက်ပွဲ ပြုလုပ်မည်ဖြစ်သည်။

ဇွန်လ ၁၄ရက်ကလည်း ပုသိမ်မြို့၊ မောင်းထောင်ကျောင်းတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ဦးဆောင်ပြီး ရဟန်းအပါး ၁၀၀၀အား တပါးတစ်သိန်းနှုန်းဖြင့် ဆွမ်းကြီးလောင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly