အဆိုတော်သားကြီး၏ ကောင်းသောနေ့လေးဖြစ်ပါစေ တေးအယ်ဘမ် ဇွန် ၂၅ရက်တွင် ထွက်ရှိမည်

အဆိုတော်သားကြီး၏ ကောင်းသောနေ့လေးဖြစ်ပါစေ တေးအယ်ဘမ် ဇွန် ၂၅ရက်တွင် ထွက်ရှိမည်

ရန်ကုန် ၊ ဇွန် ၁၆ ။              ။ အဆိုတော်သားကြီး၏ ကောင်းသောနေ့လေးဖြစ်ပါစေ ဟုအမည်ပေးထားသည့် စတုတ္ထမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်ကို ဇွန်လ ၂၅ရက်တွင် ချိုကြည်သာ တေးသံသွင်းမှ မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိသွားမည်ဖြစ်သည်။

အဆိုတော်သားကြီး၏ ကောင်းသောနေ့လေးဖြစ်ပါစေ တေးအယ်ဘမ် ထွက်ရှိမည့်အကြောင်း စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို ဇွန်လ ၁၅ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုတစ်ကိုယ်တော် တေးအယ်ဘမ်တွင် တေးသီချင်း စုစုပေါင်း  ၁၂ပုဒ် ပါဝင်ပြီး တေးသီချင်းများအားလုံးသည် အဆိုတော်သားကြီး ကိုယ်တိုင် ရေးသား ထားသည့် တေးသီချင်းများပဲဖြစ်သည်။

အဆိုတော်သားကြီးက "ကျွန်တော် တစ်နှစ်တစ်ခါတော့ အခွေထွက်ဖြစ်တယ်။ ဒီနစ်တော့ ဒီအခွေလေးထွက်ဖြစ်တာပေါ့။ ဒီအခွေမှာ ထူးခြားတာတွေ အများကြီးပါပါတယ်။ သီချင်း အမျိုးအစားရော မြူးဇစ်ပုံစံတွေရော အပြောင်းအလဲ လုပ်ထားတယ်။ ပရိသတ်ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်"ဟု ပြောသည်။

တေးသီချင်းအမျိုးအစား အစုံအလင်ပါဝင်သည့် တစ်ကိုယ်တော် တေးအယ်ဘမ်တွင် Featuring အဆိုတော်များအနေဖြင့် အဆိုတော် ထွန်းထွန်း(Examplez)နှင့် တေဇMCတို့မှ ပါဝင်သီဆို ပေးထားကြသည်။

အဆိုတော်သားကြီးသည် ၎င်း၏ ပရိသတ်များအတွက် ကောင်းသောနေ့လေးဖြစ်ပါစေ တေးအယ်ဘမ်ထဲမှ လူ့ဘဝသင်ခန်းစာ တေးသီချင်းကို MTV ရိုက်ကူးထားပြီး ထိုတေးသီချင်းMTVကို ဇွန်လ ၂ဝရက်တွင် အွန်လိုင်းမှ တင်ပေးသွားမည်ဖြစ်သည်။

ကောင်းသောနေ့လေးဖြစ်ပါစေ တေးအယ်ဘမ်ကို ဇွန်လ ၂၅ရက်တွင် ချိုကြည်သာ တေးသံသွင်းမှ ထုတ်လုပ်ဖြန့်ချိမည် ဖြစ်ပြီး  အခွေထွက်ရှိသည့်နေ့တွင် လှည်းတန်းစင်တာ၌ ဖျော်ဖြေပွဲ   ပြုလုပ်မည်ဖြစ်ကာ အဆိုတော်သားကြီးနှင့် အနုပညာရှင်များမှ တေးသီချင်းများဖြင့် ဖျော်ဖြေမည်ဖြစ်သည်။

ပထမဆုံးအခွေဝယ်ယူသည့် အယောက်၁ဝဝကို တီရှပ် လက်ဆောင် နှင့် အယောက် ၅ဝကိုတော့ အအေးဗူးကူပွန်များ လက်ဆောင် ပေးသွားမည် ဖြစ်ကာ အခွေဝယ်ယူသူ အားလုံးကို MTVအဖြစ် ်ရိုက်ကူးထားသည့် လူ့ဘဝသင်ခန်းစာ တေးသီချင်းကို DVDအချပ်အနေဖြင့်  လက်ဆောင်ပေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly