ရည်းစားဟောင်းဖြစ်သူကို ခါးပတ်ဖြင့် ရိုက်သည့် ဗီဒီယိုဖိုင်ကြောင့် Big Brother House အစီစဉ်မှ ထုတ်ပယ်ခြင်းခံရသည့် အန်ဒရူးတိတ်

ရည်းစားဟောင်းဖြစ်သူကို ခါးပတ်ဖြင့် ရိုက်သည့် ဗီဒီယိုဖိုင်ကြောင့် Big Brother House အစီစဉ်မှ ထုတ်ပယ်ခြင်းခံရသည့် အန်ဒရူးတိတ်

နယူးယော့ခ်၊ ဇွန် ၁၅ ။           ။ Big Brohter Houes ပြိုင်ပွဲဝင် အန်ဒရူးတိတ်သည် ရည်းစားဟောင်းဖြစ်သူကို ခါးပတ်ဖြင့် ရိုက်သည့် ဗီဒီယိုဖိုင်ကြောင့် Big Brother House ရုပ်မြင်သံကြားအစီစဉ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

“အန်ဒရူးတိတ်ကို Big Brother Houes မှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် အစီစဉ်က နေ ထုတ်ပယ်ခဲ့တာ မဟုတ်ပါဘူး” ဟု Channel 5 အစီစဉ် ထုတ်လုပ်သူများက ပြောကြားသည်။

ကမ္ဘာ့ Kickboxing ချန်ပီယံဆု လေးကြိမ်ရ အသက် ၂၉ နှစ်အရွယ်ရှိ အန်ဒရူးသည် Big Brother House မှ ထုတ်ပယ်ခြင်းခံရပြီးနောက် The Sun သတင်းစာက ထုတ်ပြန်ခဲ့သည့် ယင်းဗီဒီယို ဖိုင်သည် တည်းဖြတ်ပြင်ဆင်မှုများ ပြုလုပ်ထားသည့် ဗီဒီယိုသာဖြစ်ကြောင်း တွစ်တာတွင် ငြင်းဆို ပြောကြားခဲ့သည်။

The Sun သတင်းစာက လက်ဝယ်ရရှိထားသည့် အဆိုပါ ဗီဒီယိုဖိုင်တွင် အန်ဒရူးသည် ရည်းစားဟောင်းဖြစ်သူကို ခါးပတ်ဖြင့် ရိုက်ခဲ့သည့်အပြင် မျက်နှာကိုလည်း ရိုက်နှက်ခဲ့သည်ကို တွေ့ရသည်။ အန်ဒရူးသည် ဇွန် ၇ ရက်က Big Brother အစီစဉ်တွင် စတင်သရုပ်ဆောင်ခဲ့ပြီးသည့် အချိန်မှစ၍ လက်ရှိ Big Brother အစီစဉ်များတွင် ပါဝင် သရုပ်ခဲ့သည်။

အစီစဉ်တွင် အန်ဒရူး ပါဝင်သရုပ်မဆောင်ခင် တင်ထားသည့် အခြားသောအကြောင်းအရာ များနှင့် ၎င်းတို့၏ ဆုံးဖြတ်ချက်သည် ဆက်စပ်မှုမရှိကြောင်း Big Brother ထုတ်လုပ်သူများက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly