ဂျွန်နီဒပ်၏ အိမ်တွင်း အကြမ်းဖက်မှုကို သက်သေပြသွားဖို့ အသင့်ရှိဟု ဇနီးဖြစ်သူ အမ်မာဟာ့ဒ် ပြော

ဂျွန်နီဒပ်၏ အိမ်တွင်း အကြမ်းဖက်မှုကို သက်သေပြသွားဖို့ အသင့်ရှိဟု ဇနီးဖြစ်သူ အမ်မာဟာ့ဒ် ပြော

လော့စ်အိန်ဂျလိစ် ၊ ဇွန် ၁၆ ။       ။ ကမ္ဘာကျော် သရုပ်ဆောင် ဂျွန်နီဒပ်၏ ဇနီးဖြစ်သူ အမ်မာဟာ့ဒ်နှင့် ထောက်ခံသူနှစ်ဦးသည် လော့စ်အိန်ဂျလိစ်မြို့ တရားရုံး၌ ဇွန် ၁၇ ရက်တွင် ပြုလုပ်မည့် ကြားနားစစ်ဆေးမှုတွင် ဂျွန်နီဒပ်၏ အိမ်တွင်းအကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ သက်သေပြသွားဖို့ ပြင်ဆင်လျက်ရှိလျက်ရှိကြောင်း သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

အသက် သုံးဆယ်နှစ်အရွယ် မင်းသမီး အမ်မာဟာ့ဒ်၊ ၎င်း၏ မိတ်ဆွေရင်းချာ ဓာတ်ပုံဆရာ iO Tillett Wright နှင့် ၎င်း၏ အိမ်နီးချင်းဖြစ်သူ ရာခဲလ်ရို့စ်တို့သည် ဂျွန်နီဒပ်၏ အိမ်တွင်းအကြမ်းဖက်မှု ကို အမ်မာဟာဒ်ကိုယ်စား သက်သေထွက်ဆိုရန် ဆန္ဒရှိကြောင်း PageSix သတင်းဌာန၏  ဇွန် ၁၄ ရက် ဆောင်းပါးတွင် ဖော်ပြထားသည်။

“အမ်မာနဲ့ သူမရဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ဂျွန်နီဒပ်ရဲ့ အိမ်တွင်းအကြမ်းဖက်မှု လုပ်ဆောင် ခဲ့တာတွေနဲ့ ပတ်သက်လို့ ကျမ်းကျိန်ပြီး သက်သေထွက်ဆိုဖို့ ဆန္ဒရှိနေပါတယ်။ အမ်မာ အိမ်တွင်းအ ကြမ်းဖက်ခံရမှုအပေါ် သံသယရှိသူတွေနဲ့ ငွေကြေးကြောင့်လို့ ပြောကြားနေတဲ့ ဂျွန်နီဒပ်ရဲ့ ရှေ့နေတွေ ရဲ့ ပြောကြားမှုတွေကို ကျမ်းကျိန် သက်သေထွက်ဆိုမှုက အဆုံးသတ်ပေးသွားမှာပါ” ဟု သတင်းအ ရင်းမြစ်က ပြောကြားသည်။

အမ်မာဟာ့ဒ်သည် ဂျွန်နီဒပ်၏ အိမ်တွင်းအကြမ်းဖက်မှုကို လူသိရှင်ကြား တိုင်ကြားမှုများ ပြုလုပ်ပြီးသည့် အချိန်မှစ၍  အသက် ၅၂ နှစ်အရွယ်ရှိ ဂျွန်နီဒပ်၏ သူငယ်ချင်းများက အမ်မာဟာ့ဒ် သည် လိမ်ညာပြောဆိုနေခြင်းဖြစ်သည်ဟု ပုပ်ခတ် ပြောကြားခဲ့ကြသည်။

အမ်မာဟာ့ဒ်သည် ယခုသီတင်းပတ်က ယာယီထောက်ပံကြေးအဖြစ် တစ်လလျှင် အမေရိကန် ဒေါ်လာ ၅၀၀၀၀ ပေးရန် တောင်းခံထားမှုကို ရုပ်သိမ်းသည့် စာရွက်စာတမ်းကို တင်ခဲ့ပြီး ယင်းထောက် ပံ့ကြေးက အိမ်တွင်းအကြမ်းဖက်မှုကို လမ်းလွဲအောင် ကျွန်မအပေါ် တိုက်ခိုက်မှုများရှိကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly