လူလိမ်အဖြစ် သရုပ်ဆောင်သွားမယ့် ဟွန်ဘင်း

လူလိမ်အဖြစ် သရုပ်ဆောင်သွားမယ့် ဟွန်ဘင်း

ဆိုးလ်၊ ဇွန် ၁၆ ။         ။ ကိုရီးယား သရုပ်ဆောင်မင်းသား ဟွန်ဘင်းသည် ရုပ်ရှင်ကားသစ် “Kkun” တွင် လူလိမ်တစ် ဦးအဖြစ် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီက ဇွန် ၁၅ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

“ဟွန်ဘင်းဟာ ရုပ်ရှင်ကားသစ် ‘Kkun’ မှာ သရုပ်ဆောင်သွားမယ်ဆိုတာ မှန်ပါတယ်” ဟု VAST Entertainment မှ ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်း မီဒီယာတစ်ခုက သတင်းထုတ်ပြန်သည်။

အသက် ၃၃ နှစ်အရွယ်ရှိ ဟွန်ဘင်းသည် လူလိမ်တစ်ယောက်အဖြစ် သရုပ်ဆောင်သွား မည်ဖြစ်ပြီး ယိုဂျီထယ်နှင့် ပူးတွဲသရုပ်ဆောင်သွားနိုင်ဖွယ်ရှိသည်။မင်းသား ယိုဂျီထယ်သည် လိမ်လည် မှုများနှင့် ဆက်စပ်သော ရာဇဝတ်မှုများကို လိုက်လံစုံစမ်းသည့် အကြင်နာကင်းမဲ့သော အစိုးရရှေ့နေ တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်သွားရန် ကမ်းလှမ်းခံထားရသည်။ ယိုသည် ယင်းဇာတ်ကောင်စရိုက် ကို သရုပ်ဆောင်ရန်နှင့် စပ်လျဉ်း၍ ယခုအချိန်ထိ အတည်ပြု ပြောကြားခြင်း မရှိပေ။

ဟွန်ဘင်းသည် လက်ရှိအချိန်တွင် မကြာမီထုတ်လွှင့်ပြသမည့် ကိုရီးယား ရုပ်ရှင်ကား “Cooperation” တွင် သရုပ်ဆောင်လျက်ရှိသည်။ ဟွန်းဘင်းသည် မြောက်ကိုရီးယား ပြည်ပြေးများနှင့် ဖွဲ့စည်းထားသော ရာဇဝတ်အဖွဲ့ကို ဖမ်းဆီးရန် တောင်ကိုရီးယားသို့ လျို့ဝှက်စွာ ပို့ဆောင်ခဲ့သည့် မြောက်ကိုရီးယား စုံထောက်တစ်ဦးအဖြစ် သရုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly