တရားရုံးများအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှု မြှင့်တင်ရန် ဦးစားပေးလုပ်ဆောင်နေဆို

တရားရုံးများအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှု မြှင့်တင်ရန် ဦးစားပေးလုပ်ဆောင်နေဆို
(ဓာတ်ပုံ-မဇ္ဈိမ)

နေပြည်တော်၊ ဇွန် ၁၅ ။           ။ တရားရုံးများအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုကို မြှင့်တင်ရန် ဦးစားပေးဆောင်ရွက်နေပြီး တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးကပြောသည်။

“တရားရုံးများအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုကို မြှင့်တင်ခြင်းသည် မိမိတို့ဆောင်ရွက်နေသည့် ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပြီး တရားစီရင်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပါတယ် ” ဟု ပြည်ထောင်စုတရားသူကြီးချုပ်ဖြစ်သူ ဦးထွန်းထွန်းဦးကပြောသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် သြစတေးလျ ဖက်ဒရယ်တရားရုံးတို့၏ “တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ” ကို နေပြည်တော်တွင် ဇွန်လ ၅ ရက်ကကျင်းပရာတွင် တရားသူကြီးချုပ်က ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတရားစီရင်ရေး နှင့် ပြည်သူတို့အကျိုးစီးပွားအတွက် တရားစီရင်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို အစွမ်းကိုကြိုးပမ်းသွားမည်ဖြစ်ကြောင်း တရားသူကြီးချုပ်က ဆိုသည်။

တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုသည် ခက်ခဲရှုတ်ထွေးသဖြင့် စိတ်ရှည်၍ မဆုတ်မနစ် ကြိုးပမ်းရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေးဆိုင်ရာ ရည်မှန်းချက်များအောင်မြင်ရေးအတွက် အထောက်အပံ့ပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သြစတေးလျဖက်ဒရယ်တရားရုံး တရားသူကြီးချုပ် James Leslie Bain ALLSOP SO ကပြောသည်။

မြန်မာနိုင်ငံ ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည့် သြစတေးလျဖက်ဒရယ်တရားရုံးသည် ၁၉၇၇ ခုနှစ်မှစတင်ကာ နိုင်ငံ (၅၀)ကျော်ရှိ တရားရုံးများ နှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly