ပက်ခ်ရှင်ဟေး ၊ လီဆောင်ကျောင် ၊ ကင်မင်ဆွတ်ခ်တို့ “ Running Man” အစီစဉ်တွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါ၀င် သရုပ်ဆောင်သွားမည်

ပက်ခ်ရှင်ဟေး ၊ လီဆောင်ကျောင် ၊ ကင်မင်ဆွတ်ခ်တို့ “ Running Man” အစီစဉ်တွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါ၀င် သရုပ်ဆောင်သွားမည်

ဆိုးလ်၊ ဇွန် ၁၄ ။         ။ တောင်ကိုရီးယား အကျော်အမော်များဖြစ်သာ ပက်ခ်ရှင်ဟေး၊ လီဆောင်ကျောင်၊ Yoon Kyun Sang နှင့် ကင်မင်ဆွတ်ခ်တို့သည် မကြာမီ ထုတ်လွှင့်ပြသမည့် “Running Man” အစီစဉ်တွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြသခဲ့သည့် “Running Man” အစီစဉ်အပြီးတွင် မကြာမီထုတ်လွှင့် ပြသမည့် အစီစဉ်တွင် ပက်ခ်ရှင်ဟေး၊ လီဆောင်ကျောင်၊ Yoon Kyun Sang နှင့် ကင်မင်ဆွတ်ခ်တို့ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သွားမည့်အကြောင်းကို ကြေညာခဲ့ခြင်း ဖြစ်သည်။

အစီစဉ်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် သရုပ်ဆောင်များနှင့် ဧည့်သည်သရုပ်ဆောင်များ အတူ ရိုက်ထားသည့် ဓာတ်ပုံကို “Running Man” အစီစဉ်က အင်စတာဂရမ်တွင် တင်ခဲ့သည်။ ၎င်းတို့သည် “Oh My Goddess” အမည်ပေးထားသည့် နောက်ဆက်တွဲ အစီစဉ်ကို ရိုက်ကူးလျက်ရှိကြောင်းနှင့် ဇွန် ၁၉ ရက် ကိုရီးယားစံတော်ချိန် ည ၆ နာရီ မိနစ်သုံးဆယ် အချိန်တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly