JYJ အဖွဲ့ဝင် ပက်ခ်ယိုချောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြင့် စစ်ဆေးခံနေရ

JYJ အဖွဲ့ဝင် ပက်ခ်ယိုချောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြင့် စစ်ဆေးခံနေရ

ဆိုးလ်၊ ဇွန် ၁၄ ။            ။ ကေပေါ့ပ်အမျိုးသား အဆိုတော်အဖွဲ့ JYJ အဖွဲ့ဝင် ပက်ခ်ယိုချောင်သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွဲချက်ဖြင့် စစ်ဆေးမှုများ ခံနေရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၂၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပက်ခ်ယိုချောင်သည် ယခုလအစောပိုင်းက ဘားဆိုင်တစ်ဆိုင်တွင် အရက်အတူသောက်ခဲ့ပြီး ၎င်းအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့သည်ဟု တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲက ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါအမျိုးသမီးသည် ဇွန်၁၀ရက်က Gangnam ရဲစခန်းသို့လာရောက်တိုင်ကြားခဲ့ကြောင်း နှင့် တိုင်ကြားစာတွင် ပက်ခ်ယိုချောင်သည် ဇွန် ၄ ရက် နံနက်အစောပိုင်းက ဆိုးလ်မြို့တောင်ဘက်ရှိ ဘားဆိုင်တစ်ဆိုင်တွင် ၎င်းအား အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

ပက်ခ်၏အေဂျင်စီ C-Jes Entertainment က ယင်းစွပ်စွဲချက်များကို ငြင်းဆိုသော အစီရင်ခံစာ ကို ချက်ခြင်း ထုတ်ပြန်ခဲ့သည်။

“ အနုပညာရှင်တစ်ဦးရဲ့ ဂုဏ်သတင်းကျော်စော်မှုကို ဖျက်ဆီးရန်ရည်ရွယ်တဲ့ မလိုမုန်းထား ခြိမ်းခြောက်မှုတွေကို ဆွေးနွေးညှိနှိုင်းသွားမှာ မဟုတ်ပါဘူး။ အမှန်တရားကို ထုတ်ဖော်ဖို့အတွက် စုံစမ်း စစ်ဆေးမှုတွေကို ပူးပေါင်းလုပ်ဆောင်သွားဖို့ ကတိပြုပါတယ်” ဟု အစီရင်ခံစာတွင် ပြောကြား ထားသည်။

ပက်ခ်သည် လက်ရှိအချိန်တွင် ဆိုးလ်မြို့ရှိ ဒေသတွင်း ခရိုင်ရုံးတွင် ပြည်သူ့ရေးရာ ကိုယ်စား လှယ်တစ်ဦးအဖြစ် စစ်မှုထမ်းတာဝန်များကို ထမ်းဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly