BIGBANG အဖွဲ့၏ “Loser” တေးဂီတဗီဒီယို You Tube တွင် ကြည့်ရှုသူ သန်း ၁၀၀ ထိ ရောက်ရှိခဲ့

BIGBANG အဖွဲ့၏ “Loser” တေးဂီတဗီဒီယို You Tube တွင် ကြည့်ရှုသူ သန်း ၁၀၀ ထိ ရောက်ရှိခဲ့

ဆိုးလ်၊ ဇွန် ၁၄ ။           ။ တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ BIGBANG အဖွဲ့၏ တေးဂီတဗီဒီယို “Loser” သည် YouTube တွင် ကြည့်ရှုသူ သန်း ၁၀၀ ထိ ရောက်ရှိခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။

ဇွန်လ ၁၄ ရက် ကိုရီးယားစံတော်ချိန် နံနက်အစောပိုင်းက ကြည့်ရှုသူ သန်းတစ်ရာအထိ ရောက်ရှိခဲ့ကြောင်း YG Entertainment က ပြောကြားသည်။၂၀၁၅ ခုနှစ် ဧပြီလက ထွက်ရှိခဲ့သော “Loser” သည် ကြည့်ရှုသူ သန်းတစ်ရာကျော် ရရှိခဲ့သည့် BIGBANG အဖွဲ့၏ တတိယမြောက် တေးဂီတ ဗီဒီယိုဖြစ်လာသည်။

“ Fantastic Baby” တေးဂီတဗီဒီယိုဖြင့် ကြည့်ရှုသူအများဆုံးအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ သည့် ပထမဆုံး ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ ဖြစ်လာပြီးနောက်ပိုင်း BIGBANG အဖွဲ့သည် ၎င်းတို့၏ တေးဂီတဗီဒီယိုများဖြင့် ကြည့်ရှုသူ အများဆုံးအဖြစ် ဆက်လက်ရှိနေသည်။

ကြည့်ရှုသူ သန်း၁၀၀ကျော်ရရှိထားသည့် ၎င်းတို့၏ ဒုတိယမြောက် တေးဂီတဗီဒီယိုသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလထွက်ရှိခဲ့သော “Bang Bang Bang” တေးဂီဗီဒီယိုဖြစ်ပြီး သီတင်းပတ် တစ်ပတ်ကြာပြီးနောက် “Fantastic Baby” တေးဂီတဗီဒီယိုသည် ကြည့်ရှုသူ သန်း ၂၀၀ ဖြင့် BIGBANG အဖွဲ့အတွက် စံချိန်သစ် တင်နိုင်ခဲ့သည်။

BIGBANG အဖွဲ့သည် ဇွန် ၃၀ ရက်က “BIGBANG MADE” အမည်ရှိ ရုပ်ရှင်ကို ထုတ်လုပ် ခြင်းဖြင့် အနုပညာသက်တမ်း ဆယ်နှစ်ပြည့်ကို ဆင်နွှဲခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags