ဒန်နီရဲလ်ခရက်က ဂျိမ်းစဘွန်းဇာတ်ရုပ်ကို သရုပ်ဆောင်ရန် ငြင်းပယ်နေခြင်းဟာ ဖိအား များကြောင့်ဟု ဂျိန်းစဘွန်းဇာတ်ကား မင်းသမီးဟောင်း ပြော

ဒန်နီရဲလ်ခရက်က ဂျိမ်းစဘွန်းဇာတ်ရုပ်ကို သရုပ်ဆောင်ရန် ငြင်းပယ်နေခြင်းဟာ ဖိအား များကြောင့်ဟု ဂျိန်းစဘွန်းဇာတ်ကား မင်းသမီးဟောင်း ပြော

နယူးယော့ခ်၊ ဇွန် ၁၄ ။           ။ ဂျိမ်းစဘွန်းမင်းသားကြီး ဒန်နီရဲလ်ခရက်သည်  ဂျိမ်းစဘွန်းဇာတ်ရုပ်ကို ပြောင်မြောက်အောင် သရုပ်ဆာင်ရန် ဖိအားများရှိနေခြင်းကြောင့် ဂျိမ်းစဘွန်းဇာတ်ရုပ်ကို သရုပ်ဆောင်ရန် ငြင်းပယ်ခြင်းဖြစ် သည်ဟု ထင်မိကြောင်း ဂျိမ်းစဘွန်းဇာတ်ကားတွင် ဒန်နီရဲလ်ခရက်၏ မိန်းကလေးအဖြစ် သရုပ်ဆောင် ခဲ့သူ ဂျိန်းစဘွန်းမင်းသမီးဟောင်း ကက်ထရီးနားမာရီနို   ပြောကြားသည်။

အပြောင်မြောက်ဆုံး မင်းသားတစ်ဦးဖြစ်ခဲ့သည့် “007” ဇာတ်ကားကြောင့် ဒန်နီရဲလ်ခရက် သည် ဂျိမ်းစဘွန်းဇာတ်ရုပ်ကို သရုပ်ဆောင်ရန် ဖိအားများရှိနေသည်ဟု ထင်မြင်မိကြောင်း ကက်ထ ရီးနားမာရီနိုက ပြောကြားခဲ့သည်။

‘007’ ဇာတ်ကားဟာ ဂျိမ်းစဘွန်းဇာတ်ရုပ်ကို  ဒန်နီရဲလ် သရုပ်ဆောင်ဖို့ ကြီးမားတဲ့ ဖိအားပါ။ ဒီဇာတ်ကားဟာ ဝင်ငွေတွေအများကြီးရခဲ့သလို ဒန်နီရဲလ်ကိုလည်း ပရိတ်သတ်တွေရဲ့ အာရုံစိုက်မှု တွေကို ရရှိအောင် လုပ်ပေးတဲ့ ဇာတ်ကားလည် ဖြစ်ပါတယ်။ အဲ့ဒီလိုအချိန်ကို နောက်တစ်ဖန် ပြန်သွားဖို့ဆိုတာ မလွယ်ကူပါဘူး” ဟု ကက်ထရီးနားမာရီနိုက ပြောကြားသည်။

ဒန်နီရဲလ်ခရက်သည် ဂျိမ်းစဘွန်းဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့စဉ်က မျှော်လင့်ချက်များသည် ၎င်းအပေါ် ပုံချခဲ့သည်ဟု ခံစားခဲ့ရကြောင်း ဒန်နီရဲလ်ခရက်၏ပထမဆုံး ဂျိမ်းစဘွန်းဇာတ်ကားဖြစ်သော “007” တွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ကက်ထရီးနားမာရီနိုက ပြောကြားသည်။

ဒန်နီရဲလ်ခရက်ကို ပရိတ်သတ်များ သိစေခဲ့သည့် ပြောင်မြောက်သော ဂျိမ်းစဘွန်းဇာတ်ရုပ် ဖိအားများကြောင့် ထပ်မံရိုက်ကူးမည့် ဂျိမ်းစဘွန်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ပေးရန် စတာ လင်ပေါင် သန်း ၈၀ ကမ်းလှမ်းချက်ကို ၎င်းက ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ဆယ်နှစ်က ဒန်နီရဲလ်ခရက် ပါဝင်သရုပ်ဆောင်ထားသော ဂျိမ်းစဘွန်းဇာတ်ကား လေးကားသည် စတာလင်ပေါင် ၁ ဒသမ ၈ ဘီလျံအထိ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly