ဖျော်ဖြေပွဲတွင် သူငယ်ချင်းဖြစ်သူ ခရစ္စတီးနားဂရမ်မီကို ဂုဏ်ပြုခဲ့သည့် ဆလီနာဂိုမက်ဇ်

ဖျော်ဖြေပွဲတွင် သူငယ်ချင်းဖြစ်သူ ခရစ္စတီးနားဂရမ်မီကို ဂုဏ်ပြုခဲ့သည့် ဆလီနာဂိုမက်ဇ်

အမေရိကန်အဆိုတော် ဆလီနာဂိုမက်ဇ်သည်  ဇွန် ၁၁ ရက်ညက ကျင်းပပြုလုပ်သော ၎င်း၏ ဖျော်ဖြေပွဲတွင် သေဆုံးသွားပြီဖြစ်သော သူငယ်ချင်းဖြစ်သူ ခရစ္စတီးနားဂရမ်မီကို ချီးကျူးဂုဏ်ပြုနေစဉ် မျက်ရည်များ ကျခဲ့သည်။

ခရစ္စတီးနားသည်  ဇွန်၁၀ရက်ညနေက အော်လန်ဒိုတွင် ဖျေ်ာဖြေပွဲ ကျင်းပပြုလုပ်ပြီးနောက် ပရိတ်သတ်များအတွက် အမှတ်တရလက်မှတ် ရေးထိုးပေးနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဆလီနာသည် “Nobody” တေးသီချင်းကို ဖျော်ဖြေနေစဉ် ဝမ်းနည်းမှုကို ခံစားခဲ့ရပြီး ပရိတ် သတ်များကိုလည်း တောင်းပန်ကြောင်း ပြောကြားခဲ့သည်။

“ခရစ္စတီးနားနဲ့ သူမရဲ့မိသားစုဝင်တွေနဲ့ ပတ်သက်တဲ့ အချက်တစ်ခုကတော့ သူမရဲ့ ယုံကြည် မှုကို လက်ကိုင်ထားတာပဲဖြစ်တယ်။ အဲဒါကတော့ ဘာသာကိုးကွယ်ယုံကြည်မှုလည်း မဟုတ်ဘူး ၊ တစ်စုံတစ်ရာ ဒါမှမဟုတ် ကောင်းသော လုပ်ဆောင်ချက်လည်း မဟုတ်ဘူးလို့ ကျွန်မထင်တယ်။ ဒါကတော့ သူမရဲ့ ယုံကြည်မှုမျှသာ ဖြစ်တယ်။ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရပ် ဖြစ်တယ်ဆိုတာကိုတော့ ကျွန်မ လုံး၀ နားမလည်ပါဘူး။ နောက်တစ်ပုဒ်ကတော့ သူမရဲက သီချင်းကို ကျွန်မ ဆိုချင်ပါတယ်”ဟု ဆလီနာက ပြောကြားခဲ့သည်။

ဆလီနာသည် စန္ဒယားရှေ့တွင် ထိုင်ခဲ့ပြီး ဂရမ်မီ၏ အမှတ်တရအဖြစ် Hillsong Worship တေးဂီတအဖွဲ့၏ ဗားရှင်းပြောင်းထားသော တေးသီချင်း “Tarsfiguration” ကို သီဆိုခဲ့သည်။

ဂရမ်မီ အောက်မေ့သတိရ ဂုဏ်ပြုအခမ်းအနားကို ၎င်း၏မွေးရပ်မြေ အီဗက်စ်ဟမ်မြို့၌ ဇွန် ၁၃ ရက်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly