လိုင်စင်နံပါတ်ပြားမပါရှိသည့် ဆိုင်ကယ်ကို စီးနင်းမှုကြောင့် ရဲတပ်ဖွဲ့ရဲ့ တားဆီးမှု ခံခဲ့ရတဲ့ ခရစ်ဘရောင်း

လိုင်စင်နံပါတ်ပြားမပါရှိသည့် ဆိုင်ကယ်ကို စီးနင်းမှုကြောင့် ရဲတပ်ဖွဲ့ရဲ့ တားဆီးမှု ခံခဲ့ရတဲ့ ခရစ်ဘရောင်း

ရက်ပါအဆိုတော် ခရစ်ဘရောင်းသည် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင်  ဇွန် ၁၀ ရက်က လိုင်စင်နံပါတ်ပြားမပါရှိသည့် ဆိုင်ကယ်ကို စီးနင်းမှုကြောင့် ရဲတပ်ဖွဲ့က တားဆီးခဲ့သည်။

ခရစ်ဘရောင်းသည် ရဲစခန်းအတွင်း ၎င်းကိုယ်တိုင်ရိုက်ကူးထားသော ဗီဒီယိုဖိုင်ကို Instagram တွင် ပထမဆုံးအကြိမ် တင်ခဲ့သည်။”ကျွန်တော်တို့ အမ်စတာဒမ်မှာပါ။ အခုကျွန်တော်တို့ ရဲစခန်းမှာပါ။ လိုင်စင်နံပါတ်ပြားမပါရှိဘဲ ဆိုင်ကယ်တွေ မစီးနင်းရဘူး” ဟု ခရစ်ဘရောင်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ဆိုင်ကယ်တွေကို ဝယ်လာခဲ့တယ်။ တောင်းပန်ပါတယ်။ လိုင်စင်နံပါတ်ပြား နဲ့ ပတ်သက်ပြီး မေ့နေခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီလိုအခြေနေကို ဖြေရှင်းရမယ်။ ရဲတပ်ဖွဲ့တွေ က ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့ အရမ်းကို တော်ပါတယ်” ဟု ခရစ်ဘရောင်းက ပြောကြားထားသည်။

ဘရောင်းသည် လက်ရှိအချိန်တွင် ဥရောပတွင် ကမ္ဘာလှည့်ဖျော်ဖြေရေးကို လုပ်ဆောင်လျက် ရှိပြီး ဇွန်၁၁ရက်က အမ်စတာဒမ်မြိ့ရှိ  Ziggo Dome မိုးလုံလေလုံ အားကစားခန်းမတွင် ဖျော်ဖြေခဲ့ သည်။ ဇွန် ၁၂ ရက်ညတွင် လူဇင်ဘက်ရှိ Rockhal ခန်းမတွင် ဖျော်ဖြေသွားမည်ဖြစ်ပြီး ဇွန် ၁၅ ရက်တွင် အိုင်ယာလန်နိုင်ငံ ဒူဘလင်မြို့တွင် ဖျော်ဖြေပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly